နဝတ /နအဖ လက်ထက်မှ ယခု ရုပ်သေးအစိုးရ သမ္မတ သိန်းစိန် ( ဘပြောင် ) လက်ထက်အထိ
အစိုးရအဆက်ဆက် ချမှတ်ခဲ့သော
မြန်မာကားနှင့် မြန်မာသီချင်းခွေများကြည့်လျှင် ခဏခဏ Next လုပ်နေရသည့်
မူရင်း အစစ်အမှန် ဆောင်ပုဒ်များ
___________________
ဒို့တာဝန်အရေးသုံးပါး
___________________
၁။ ပြည်ထောင်စုပြိုကွဲရေး - ဒို့အရေး
-
၂။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားရေး - ဒို့အရေး
-
၃။ အချုပ်အခြာ အာဏာ အဘ ကိုင်ထားရေး - ဒို့အရေး
___________________
ပြည်သူ့သဘောထား
___________________
၁။ ပြည်ပသစ်ခိုး တရုတ်မျိုး တောပြောင်ရှင်းသူများအား ဖျင်ခံကြ
-
၂။ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောက်ယှက်ဖျက်ဆီးမည့်လူများ မွေးထားကြ
-
၃။ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် နှောက်ယှက်သော တရုတ်နိုင်ငံတော်ကြီးအား ရှိခိုးကြ
-
၎။ ပြည်တွင်းပြည်ပ လူကောင်းလူတော်များအား ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ
___________________
နိုင်ငံရေး ဦးတည်ချက် (၄) ရပ်
___________________
၁။ နိုင်ငံတော် မတည်ငြိမ်ရေး၊ ရပ်ရွာမအေးချမ်းမသာယာရေးနှင့် တရားဥပဒေ မစိုးမိုးရေး
-
၂။ အမျိုးသားပြန်လည် မစည်းလုံး မညီညွတ်ရေး
-
၃။ ပြင်မရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး
-
၎။ ဖြစ်ပေါ်လာသော အဘကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်နောက်ကျကာ
စုန်းစုန်းမြုပ်မည့် နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး
___________________
စီးပွားရေး ဦးတည်ချက် (၄) ရပ်
___________________
၁။ စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံ ပျက်ဆီး စုတ်ပြတ်အောင် ဖျက်ဆီးရေး
-
၂။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ပျောက်ကွယ်သွားရေး
-
၃။ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများအားလုံး မောင်းထုတ်၍ စီးပွားရေး ပျက်ဆီး စုတ်ပြတ်အောင်ဆောင်ရွက်ရေး
-
၎။ နိုင်ငံတော် စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် အဘ၊ တရုတ်၊ ခရိုနီ၊ ဘိန်းစိုက်သူများ နှင့်
မိုးကျရွှေကိုယ်များ၏ လက်ဝယ်တွင်ရှိရေး
___________________
လူမှုရေးဦးတည်ချက် (၄) ရပ်
__________________
၁။ တမျိုးသားလုံး သူတောင်းစားဖြစ်ကာ စုတ်ပြတ်၍ အကျင့်စာရိတ္တပျက်ပြားရေး
-
၂။ အမျိုးဂုဏ်၊ ဇာတိဂုဏ် လျော့ပါးရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ ပျောက်ပျက်အောင် ဝိုင်းဝန်းဖျက်ဆီးရေး
-
၃။ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြက်ပြီး လူသတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်ရေး
-
၎။ တမျိုးသားလုံး နိုင်ငံခြားမှာ ဆေးကုရင် ကု မကုရင်သေရေး နှင့် ပညာရည်လျော့နည်းရေး
___________________
မစု ရေးထားတာ မဟုတ်ဘူးနော်..... သူငယ်ချင်းတစ်ယောက်က ပေးပို.လာလို.ပါ ခီခီ
1 comment:
ဝေဖန်ပါပု ဒါကြောင့် ရှင်ဒဏ် ဒချိ ဒချိ
Post a Comment