Monday, February 22, 2016

စစ်ခွေးများအား တိုက်တဲ့စိတ်နဲ. သေသည့်တိုင်အောင်.......အတွဲ ( ၃ )

ဒေါက်.....ဒေါက်.... ဒေါက် ........

ဒုန်း ... ဒုန်း... ဒုန်း

အဆက်မပြတ် အိမ်ရှေ. တံခါးမကြီးအား ရိုက်ထုသံကြောင့် မစုတို.အိမ်သားများ

နိုးလာပြီး မစုရဲ.အဖေဖြစ်သူမှ အိမ်ရှေ.တံခါးအား ဖွင့်လိုက်တော့ ... ။

ဟေ့ မောင်ကျော်စွာ ဘာဖြစ်တာလဲ ဘာကိစ္စလဲကွ ညကြီးအချိန်မတော် အရေးတကြီး

ဆိုပြီး ပြောလိုက်လေသည် ။ ဟုတ်ပါတယ် အချိန်ကလဲ မနက် ၃ နာရီ ဝေလီဝေလင်း

လူတွေ အိပ်ကောင်းတဲ့အချိန်လေးပါ ။ ထိုအခါ ကျော်စွာမှ ဦးလေး မစုရှိလား မစုနဲ.

တွေ.ချင်လို.ပါ ကျွန်တော့်ကို ပေးဝင်ပါဆိုပြီး ၀င်ခွင့်တောင်းလေသည် ။ ကျော်စွာ

ဆိုတာကလဲ မစုရဲ. ငယ်သူငယ်ချင်း ၊ ကျောင်းနေဖက် အတန်းဖော် ၊ တစ်ရပ်ကွက်ထဲက

ပြောမနာ ဆိုမနာ တံခါးမရှိ ဓါးမရှိ ၀င်ထွက်နေတဲ့သူဆိုတော့ မစုအဖေကြီးလဲ တံခါး

ဖွင့်ပေးလိုက်လေသည် ။ မစုအား မစုရဲ. အမေလဲ အခန်းထဲဝင်လာပြီး လာရောက်နှိုးလေ

သည် ။ မစုလဲ ဧည့်ခန်းထဲမှာ အဖေကြီးနဲ.အတူ ထိုင်နေတဲ့ ကျော်စွာအား ဟဲ့... ကျော်စွာ

ဘာလဲဟ ညကြီးအချိန်မတော် ဘာကိစ္စလဲဆိုပြီး မေးလိုက်တော့ ... ကျော်စွာမှ မစုရေ

အခြေအနေ မကောင်းဘူး ။ စစ်ထောက်လှမ်းရေးတွေ ခုနကပဲ အောင်ဝင်းနဲ. ကေသီကို

လာဖမ်းသွားတယ် ။ အဲဒါနင့်ကို လာပြောတာ နင်လဲ အချိန်ရှိတုန်း ပြေးတော့ဆိုပြီး

ကြောက်လန်.တဲ့ အမူအရာနဲ. ပြောလာပါသည် ။ ပြီးနောက် ကျော်စွာမှ မစုရေ ငါလဲ အချိန်

ရှိတုန်းလေး တခြားသူငယ်ချင်းတွေကိုလဲ အကြောင်းကြားရအုံးမယ်ဆိုပြီး ထွက်သွားလေ

တော့သည် ။ မစုလဲ အဖေနဲ. အမေအား တိုင်ပင်ပြီး လက်ဝတ်ရတနာ အချို.နဲ. ပိုက်ဆံများ

ထည့်ကာ ခရီးဆောင်အိပ်ကိုလွယ်ကာ ထောက်ကြံ့ရှိ မစုရဲ. ဦးလေးအိမ်မှာ သွားရှောင်နေ

ရတော့လေသည် ။ ကံကောင်းချင်တော့ မစု အဲဒီညတွင်းခြင်းပဲ ကျော်စွာပြောပြီးပြီချင်း

ချက်ချင်းထွက်သွားပြီး တစ်နာရီလောက်အကြာမှာ အိမ်ကို ဧည့်စာရင်းစစ်စရာရှိတယ်ဆိုပြီး

ရပ်ကွက်လူကြီးမပါ ၊ ရဲတပ်ဖွဲ.မပါဘဲ စစ်ထောက်လှမ်းရေးအဖွဲ.မှ တစ်အိမ်လုံး ပိုက်စိပ်တိုက်

ရှာဖွေပြီး ပြန်ထွက်သွားကြောင်း မစုတို.အိမ်သားများ ပြန်ပြောပြလို. သိရလေသည် ။

နောက်နေ.မနက်တွင် မစုရဲ. အဒေါ်ဖြစ်သူ ဒေါ်သန္တာတို.နေတဲ့ ထိုင်းနယ်စပ် တဖက်ကမ်း

ဖြစ်တဲ့ ရနောင်းသို. ထွက်ရန် ကောင့်သောင်းသို. ကားစီးပြီး ထွက်ရလေသည် ။

ရနောင်းသို. အဆင်ပြေပြေနဲ. ရောက်ရှိပြီးနောက် တပတ်အကြာတွင် မစုဆီသို. လူကြုံနဲ.

စာတစ်စောင်ရောက်လာလေတော့သည် ။ မစု အဖေရေးထားတဲ့ စာပါ ။

သမီးမစု သမီးတော့ ကံကောင်းလို. သီသီလေး လွတ်သွားပေမဲ့ စိတ်ထားကောင်းတဲ့

သူငယ်ချင်းပီသတဲ့ ကျော်စွာကတော့ စစ်ထောက်လှမ်းရေးတွေ ဖမ်းသွားပြီ စစ်ကြောရေး

မှာ စစ်ဆေးတာ လက်လွန်သွားပြီး သေသွားပြီးတဲ့ ။ အဲဒါနောက်နေ.ကျရင်တော့ မြေချ

ဖို.ရှိကြောင်း အသုဘနာရေးသတင်းစာပါတဲ့ နာရေးကြော်ငြာ စာပိုဒ်လေးအား မစု ဖတ်ရန်

ကိုက်ညှစ်ပြီး ပို.ပေးလာလေသည် .

စာဖတ်ပြီးတော့ မစုလဲ ၀မ်းနည်းမှူ.နဲ.အတူ မျက်ရည်များ တသွင်သွင်စီးကျပေမဲ့ အံကိုကြိတ်

မဆုပ်တတ် ဆုပ်တတ်တဲ့ လက်သီးအား ကျစ်ကျစ်ပါနေအောင် ဆုပ်လိုက်ပြီး တောက်ခေါက်

လိုက်ပြီး ..... စစ်ခွေးတွေ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူးဟေ့ဆိုပြီး ။

အဲဒီအဖြစ်အပျက်တွေကတော့ လွန်ခဲ့တဲ့ ၈၈နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ စစ်ထောက်

လှမ်းရေးတွေ နိုင်ငံရေးတက်တက်ကြွကြွ လှူပ်ရှားကြတဲ့ နာမည်ရှိ ကျောင်းသူ ၊ ကျောင်းသား

များအား ညဖက်အချိန်မတော် တံခါးခေါက်ပြီး လိုက်ဖမ်းတတ်တဲ့ အချိန်တုန်းကပါရှင် ။

အခုတော့ .....  ။ တစ်နေ. လက်ဖက်ရည်ဆိုင် တစ်ခုမှာ စစ်ထောက်လှမ်းရေးဟောင်း ဆွယ်မှူး

တစ်ယောက်နဲ. စကားတွေ ပြောဖြစ်တော့ ထိုသူမှ မစုရေ ကျတော်တို.လဲ မလုပ်ချင်ဘဲ 

လုပ်ရတာပါဗျာ အထက်က အမိန်.ဆိုတော့လေ ။

သြော်...... အထက်က အမိန်.တဲ့လား ။

သေသွားတဲ့ မစု ငယ်သူငယ်ချင်း ကျော်စွာအား သတိရမိတော့ သူ.နာမည်အား မစု

အကြိမ်ကြိမ်ခေါ်လိုက်မိလေတော့သတည်း ။



(((((       ကျော်စွာ ... ကျော်စွာ ... ကျော်စွာ     ))))))  



Sunday, February 21, 2016

စစ်ခွေးစစ်စစ်များနှင့် ကွေကွင်းရပါစေသော်.............

မစုလေ  အွန်လိုင်းပေါ်မှာ စစ်ခွေးတွေကို အမြဲတမ်းဆဲဆိုနေရတော့

အကုသိုလ်များလှပါတယ်ရှင် ။

ဒါကြောင့် ဒီနေ. တနင်္ဂနွေနေ. ရွှေတိဂုံဘုရားသွားပြီး ယတြာလေး ၊ ဘာလေး

ခြေရင်းပေါ့ ။

တစ်သွေး တစ်သံ ၊ တစ်သံ တစ်မိန်. အထက်က ခိုင်းရင်လုပ်ရမှာ

ဆိုတတ်တဲ့ စစ်ခွေးတွေရေ ..... ။

တပ်မတော် တပ်ထိန်း ဗိုလ်ကြီး(ငြိမ်း) နေမျိုးဇင် တစ်ခါက ရဲတပ်ဖွဲ.၀င် တချို.အား

မေးခွန်းလေးတစ်ခု မေးခဲ့ဖူးတဲ့ ဗီဒီယိုကလစ်ဖိုင်လေး တစ်ခုအား မစု ကြည့်ြ့ပီးတော့

သွားသတိရမိပါတယ် ။

ကိုနေမျိုးဇင် မေးလိုက်တဲ့ မေးခွန်းလေးကတော့ .............

အထက်က အမိန်. ၊ အထက်က အမိန်.ဆိုပြီး ခင်ဗျားတို.ကို အထက်က

ကိုယ်မေကိုယ်ပြန်ယိုးပါဆိုရင် ပြန်ယိုးနိုင်မလားဆိုပြီး မေးခဲ့ဖူးလေသည် ။

ဒါကြောင့် ဒီနေ. ရွှေတိဂုံဘုရား တောင်ဖက်မုဒ်စောင်းတန်းရှိ ဘုရားရှေ.တွင်

မစု ဆုတောင်းလေးတစ်ခု ရင်ထဲကနေ တိုးတိုးလေး ရွတ်ဆိုပြီး ဆုတောင်းခဲ့ပါတယ်ရှင်။

((((( အရှင်မြတ်စွာဘုရား ..... တပည့်တော် မစုသည် ဘ၀ဆက်တိုင်း ဆက်တိုင်း

လူုပြန်ဖြစ်ပြီး တကယ်လို.များ မြန်မာနိုင်ငံမှာ လူပြန်ဝင်စားခဲ့သော် အဘဆိုရင်

ကာကွယ်ဖို. ၊ ပြည်သူတွေဆိုရင် နှိပ်စက်ဖို.ပဲ သိတတ်တဲ့ ကိုယ်မေကိုယ်ပြန်မယိုး

ရဲတဲ့ စစ်ခွေးစစ်စစ်များနှင့် မတွေ. ၊ မဆုံ ၊ မကြုံရပါစေနဲ. အရှင်ဘုရား ။ )))))