Thursday, February 23, 2017

ဘယ်သူ ဆုရမလဲတဲ့ ..... ခီခီ

- နှစ်နေ. နှစ်၌ မစု နေထိုင်ရာဖြစ်သော ......
ခြံအမှတ် ( xxx ) ၊ ဗိုလ်တေဇလမ်း ၊ စော်ဘွားကြီးကုန်း ၊ ၁၀မိုင် ၊ အင်းစိန်မြို.နယ် ၊
ရန်ကုန်မြို. သို. မစုရဲ. အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ အောင်သူနဲ. သူငယ်ချင်းများ
ရောက်လာလေသည် ။ သူတို. အားလုံးပေါင်း ၃ယောက်ပါ ယောင်္ကျားလေးတွေပဲဖြစ်ပါတယ် ။
မစုမှ ပြောမနာ ၊ဆိုမနာခင်မင်ရပါသော အောင်သူအား ... ဟဲ့ အောင်သူ နင်တို.
မနက်စာ စားကြပြီးလားလို. မေးလိုက်တော့ အောင်သူမှ စပ်ဖြီးဖြီး မျက်နှာပေးနဲ.
ဗိုက်လေးအား ပွတ်ပြီး မစားရသေးဘူး ဟီးဟီး ဆိုပြီး ပြန်ပြောတော့ မစုမှ
မသာကောင် အောင်သူ ထင်သားပဲ ခဏနေနော်ဆိုပြီး အိမ်နောက်ဖေးဖက်ရှိ
အိမ်တွင် ခိုင်းရန်ခေါ်ထားသော အိမ်ဖော်မလေး ကြူကြူလှအား ခေါ်လိုက်ပြီး
ဟဲ့ ... ကြူကြူ   မြန်မြန်သွားစမ်း လမ်းထိပ်က ၁၀မိုင်ကုန်းဈေးထဲမှာ မုန်.ဟင်းခါးနဲ.
လက်ဖက်ရည် သွားဝယ်စမ်းဆိုပြီး ခိုင်းလိုက်ရလေသည် ။

ပြီးနောက် အောင်သူတို. အုပ်စုအား အောင်သူရေ ... မစု အိမ်ပေါ်တက်ပြီး
ဘုရားဝတ်ပြု စရာလေးရှိလို. ခဏစောင့်နော်ဆိုပြီး မစုလဲ ဘုရားခန်းရှိရာ
အိမ်ပေါ်ထပ်သို. တက်ရလေသည် ။ အောင်သူတို. အုပ်စုလဲ ဧည့်ခန်းမှာ
ဂျာနယ်ဖတ်သူက ဖတ် ၊ ဖုန်းပွတ်နေသူက ပွတ်နဲ. ကျန်ခဲ့လေသည် ။
မစုလဲ ဘုရားသောက်တော်ရေ လဲ ၊ ဘုရားပန်းများအား အသစ်လှယ်ပြီး
ဘုရားဝတ်ပြုပြီးနောက် အိမ်အောက်ထပ်သို. ပြန်ဆင်းလာတော့ ကြူကြူလဲ
ပြန်ရောက်ပြီး ဖြစ်လို. အောင်သူတို. အုပ်စုအား မုန်.ဟင်းခါးနှင့် လက်ဖက်ရည်အား
မနက်စာအဖြစ် ဧည့်ခံကျွေးမွေးပြီး မစုမှ ကဲ .... ကိုယ်တော်ချော အောင်သူရေ
စားရင်းသောက်ရင်း လာရင်းကိစ္စပြောပါ ဆိုတော့ အောင်သူမှ ဒီလိုရှိတယ် မစုရေ
ငါတို. အုပ်စုနဲ. တဖက်က မိန်းကလေး အုပ်စု Myanmar Idol Season (2) မှာ
ဘယ်သူ Winner ဖြစ်မလဲဆိုတာ လောင်းထားလို. နင့်ကို အကူအညီလာတောင်း
တာပါ ။နင်က ဗေဒင်တွေ ဘာတွေ နည်းနည်းပါးပါး တွက်တတ်တော့
ဒီဖက် ၁၀မိုင်ကုန်းလဲ လမ်းကြုံရင်း ၊ နင့်ကို မတွေ.တာလဲ ကြာပြီးဆိုတာရယ် ၊
နောက်ပြီး အခုကိစ္စလေးလဲ မေးရင်းပေါ့ဆိုပြီး ပြောလာတော့ မစုမှ အမလေး
အောင်သူရယ် ဖြစ်မှ ဖြစ်ရလေဟယ် မစုက ဘာများအရေးတကြီး ကိစ္စလဲလို.
ဖုန်းဆက်လိုက်ပြီး မေးလဲရတဲ့ဥစ္စာဆိုတော့ အောင်သူမှ မဟုတ်သေးဘူး မစုရဲ.
အခုဟာက လောင်းထားတာက ကြေးများနေလို.ပါ ငါဆိုရင် ၃ ပုံး ( သုံးသိန်း
တောင် ၀င်လောင်းထားတယ် ) တချို.ဆို ၁၀ ပုံးတောင် လောင်းစားထားတာဟ
အာ့ကြောင့် နင့်ကို လူကိုယ်တိုင် လာမေးရတာပေါ့ဆိုတော့ 
မစုလဲ နေအုံး မစု တွက်လိုက်အုံးမယ်ဆိုပြီး စာအုပ်ပေါ်မှာ 
တွက်ချက်ရလေတော့သည် ။

တွက်ချက်ပြီးသော် ... ဒီတခေါက် Season (2) မှာလဲ အရင်တခါတုန်းက
Season (1) မှာ ဆုရတဲ့ စောလားထောဝါးလိုပဲ အင်္ဂါနေ.သားက
အားကောင်းနေတယ် ။ ယောကျင်္ားလေးပဲ ဆု၇မယ် ။
ဗေဒင်အရ အင်္ဂါနံဖြစ်တဲ့သူပဲ ရမယ် ။ နောက်ပြီး အစီအစဉ်ကြေငြာသူ
ကျော်ထက်အောင်မှာ တင်္နလာနံဆိုတော့ သူ.ရဲ. အနားက အင်္ဂါနံပဲ ကြီးစိုးနေတာ
ကြောင့်လေ ။ နောက်ပြီး အင်္ဂ၀ိဇာနည်းအရ ယောကျင်္ားလေးပဲ မစုမြင်တယ် ။
မစုရဲ. ကြားဆရာဖြစ်တဲ့ ဆရာဦးမောင်မောင်သန်း နည်းအရ ဒီနေ. နင်တို.
မစုအိမ်လာတာ အားလုံးယောကျင်္ားတွေကြီးပဲ ၊ နောက်ပြီး မစု ခုနက အိမ်ပေါ်
ထပ်ကနေ အပြင်ကို လှမ်းကြည့်လိုက်တုန်း ယောင်္ကျားလေးဖြစ်တော့ 
အတိတ်တဘောင် နမိတ်ဆောင်ပြီး ဆက်ပြောရရင် ..... 
ဟိုး ရပြီး မစု ခဏခဏ ဆိုပြီး 
အောင်သူမှ မစုရယ် ဒီက မဟာဘုတ် ဘယ်လို ထူတယ် ၊ 
သုံးတန်ပေါ်နိ ဘယ်လိုမျိုး ထောင်ရတယ် ၊ဘယ်လိုကြောင့် ဆန်းကျမ်းနဲ.
အံ့ဝင်တယ်ဆိုပြီး ရှင်းပြလဲ ငါတို.တွေ ဗေဒင်အကြောင်း နားလည်တာမှ မဟုတ်တာ ။ 
ဒါကြောင့် မစုရေ နင်လိုရင်းပဲ ပြောပါ ။ ဘယ်သူ ဆု ရမလဲဆိုတာပါ ။ မစုလဲ အောင်သူ
စိတ်မရှည်တော့ကြောင်း ရိပ်မိလေတော့ မစုရဲ. ဗေဒင်တွက်ချက်အရ မှန်တာ ၊မှားတာ
မစု တာဝန်မယူဘူးနော် အင်္ဂါနေ.သားဖြစ်တယ်ဆိုတော့ ((( ဇင်ကြီး )))ရမယ်လို.
ဟောလိုက်ပါတယ်ရှင်ဆိုတော့ အောင်သူမှ ဟာ ... အဲဒါမှ ဒုက္ခပဲ ငါတို.ယောက်ျား
လေးတွေဖက်က ((( သားငယ် ))) Winner ဖြစ်ရမယ် ။ ဟိုဖက် မိန်းကလေး
အုပ်စုကလဲ သူတို. မိန်းကလေးဖက် အားပေးကြတော့ ((( ဘီလီလမင်းအေး )))
ရမယ်ဆိုပြီး လောင်းထားတာ အခု မစု ဟောတဲ့သူလဲ မပါဘူး ဘယ်လိုလုပ်ရပါ့ဆိုပြီး
ခေါင်းအား တတွင်တွင်ကုတ်နေတော့သည် ။ထိုအခါ မစုမှ အောင်သူရယ်
အာ့ဆိုရင် ယောင်္ကျားလေး နဲ. မိန်းကလေး ဘယ်သူ ဆုရမလဲဆိုပြီး လောင်းကြလေ
ဆိုပြီး အကြံပေးလိုက်တော့ အောင်သူမှ ဟာ ဟုတ်တယ် အဲဒီအကြံကောင်းတယ်
ဆိုတော့ မစုက လောင်းကြေးသေချာပြီးဆိုရင် မစုဆီ အကြောင်းကြားအုံးနော်။
တကယ်လို. ယောင်္ကျားလေးဆု မရဘဲ မိန်းကလေး ဆုရခဲ့ရင် အောင်သူရေ
နင်လောင်းထားတဲ့ ပိုက်ဆံ ၃ သိန်း မစု ပြန်စိုက်ပေးမယ် ။ တကယ်လို.များ
ယောကျင်္ားလေး တစ်ယောက်ယောက် ဆုရခဲ့ရင်တော့ ၃သိန်းရဲ. ၁၀ ရာခိုင်နှူန်း
၃ သောင်းကို ရွှေတိဂုံဘုရားမှာ မစုနာမည်နဲ. ပိုက်ဆံသွားလှူပေးပါဆိုတော့
အောင်သူမှာ ထခုန်ပြီး ပွတာပဲကွာ မနက်စာလဲ စားရ လောင်းကြေးလဲ
ကိုယ့်အိပ်ထဲက စိုက်စရာမလို အာ့ကြောင့် မစုကို ချစ်နေရတာဆိုပြီး
အနားကပ်လာပြီး နမ်းမလို လုပ်နေတော့ မစုမှ လက်နဲ.လှမ်းကာပြီး
ဟိုး ဆရာ ဟိုးထား မသာကောင် အောင်သူ သေနာ နင်အဲဒီလိုပဲ
မစုကို အနိုင်ကျင့်နေကြပဲ မဟုတ်လားဆိုတော့ အောင်သူမှ ငါကလဲဟာ
ပြေးကြည့်မှ ဒီသူငယ်ချင်းတွေပဲရှိတဲ့ ဥစ္စာ ကဲ ... ဒို.တွေ ပြန်လိုက်အုံးမယ် ။
ယောင်္ကျားလေးနော်ဆိုပြီး ထပ်ပြောတော့ မစုမှ .... ကျားဟေ့ ကျား
ဒူးသာ ဒူး လောင်းလိုက်တော့ဆိုတော့ အောင်သူမှ မှိုရသည်အလား
ဝမ်းသာအားရစွာ ပြုံးပျော်ပြီး ပြန်သွားလေတော့သတည်း ။