Wednesday, May 25, 2016

လွမ်းမိပါတယ်..... ကချင်တို.ရဲ.မြေ ခီခီ

တချိန်တခါတုန်းက အမှတ်တရ  မစုနဲ. သူငယ်ချင်းများ .....











                                           
                                             



ကချင်ြပည်နယ် အထူးဒေသ ( ၁ )ရဲ. လွမ်းစရာ့  အတိတ်သမိုင်း ..............


  • မြန်မာ-တရုတ် နယ်စပ် ထောင့်တနေရာက ချုံတွေကြားမှာ ကျောက်တိုင်ဖြူဖြူကြီး တခုက 

  • အသုံးမ၀င်တော့တဲ့ ပစ္စည်းဟောင်း တခုလို။ လာရောက်ကြည့်ရှုသူလည်း ရှိပုံမရ။

  • ကျောက်တိုင်ပေါ်မှာလည်း မြက်ပင်တွေက နေရာယူထားပြီး တစုံတယောက်ကမှ ဒီကျောက်တိုင်ကို 

  • သန့်ရှင်းရေး မလုပ်တာလည်း သေချာ သလောက် ဖြစ်နေပါတယ်။
  • ဒီနေရာဟာ နွေရာသီမရှိတဲ့ဒေသလို့ တင်စား ခေါ်ဝေါ်ရလောက်အောင် 

  • တနှစ်ပတ်လုံးအေးနေပြီး ဆောင်းကာလမှာ နှင်းတွေဖြိုင်ဖြိုင် ကျတဲ့ 

  • ကချင်ပြည်နယ် အထူးဒေသ (၁) ဖီမောမြို့ထဲက လချိဒ် မျိုးနွယ်စုနဲ့ လော်ဝေါ်မျိုးနွယ်စုတွေပဲ 

  • သီးသန့်နေထိုင်တဲ့ နေရာပါ။

  • အဲဒီမှာရှိနေတဲ့ ကျောက်တိုင်ကြီးကို လွန်ခဲ့တဲ့ ၅၅ နှစ်က လချိဒ် မျိုးနွယ်စုတွေက 

  • စိုးရိမ်မှုအပြည့်နဲ့ နေ့ချင်းအပြီး တည်ဆောက်ခဲ့ တာ ဖြစ်ပါတယ်။

  • ဒီကျောက်တိုင်ကပဲ ကချင် မျိုးနွယ်စုထဲမှာ ပါဝင်တဲ့ လချိဒ် မျိုးနွယ်စုနဲ့ လော်ဝေါ်မျိုးနွယ်စုတွေကို 

  • တရုတ်နိုင်ငံသားအဖြစ် ရောက် မသွားဖို့ ကယ်တင်ခဲ့တာလို့ လချိဒ် မျိုးနွယ်စု သမိုင်းပညာရှင် 

  • ဦးထော်ခေါင်က ပြောပါတယ်။




  • ကျနော်တို့ ဘိုးဘေးတွေ ကြိုးစားခဲ့ပေမယ့် ဖီမောမြို့တခြမ်းကိုတော့ တရုတ်ကို ပေးလိုက်ရတယ်”လို့လည်း ဦးထော်ခေါင်က နှမြောထ်ာခေါင်က နှမြော တသ ပြောပြပါတယ်။

  • ဒုတိယ ကမ္ဘာစစ်ကာလ တရုတ်နိုင်ငံကို ဂျပန်စစ်တပ် ၀င်ရောက်တုန်းက 

  • အထူးဒေသ (၁) တောင်တန်းတွေ ကြားကနေ တရုတ် နိုင်ငံထဲကို ၀င်ရောက်လာတာကြောင့် 

  • တရုတ်တွေက သူတို့အတွက် စစ်ရေးအရ အရေးပါတဲ့ လချိဒ်တွေရဲ့တောင်ကြောတွေကို 

  • လိုချင် ခဲ့ တယ်လို့လည်း ဦးထော်ခေါင်က ဆိုပါတယ် ။

  • ၁၉၆၀ ပြည့်နှစ် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား နယ်ခြားမျဉ်း မသတ်မှတ်ရသေးချိန်မှာ 

  • တရုတ်တွေက လော်ဝေါ်၊ လချိဒ်မျိုးနွယ်စု တွေ နေထိုင်တဲ့ ကချင်ပြည်နယ် အထူးဒေသ (၁)ကို 

  • အရယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

  • အာဒံနဲ့ ဧ၀ သမိုင်းကြောင်းလိုပဲ လချိဒ် မျိုးနွယ်စုအစ ပထမ လူသားတွေ ဖြစ်တဲ့ ဖရို၊ ဖဘုန်း 

  • အမည်ရှိ ညီအစ်ကို နှစ်ဦးကို ငေါ့ချမ်း မျိုးနွယ်စုတွေက ဒီတောင်တန်းဒေသတွေထဲက 

  • ချမ်းမောခုန်း ဆိုတဲ့ ရွာမှာ လာရောက်နေထိုင်ဖို့ ခေါ်ဆောင်လာရာက လချိဒ် မျိုးနွယ် စုတွေ 

  • ဆင့်ပွား ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လချိဒ်တွေက ဒီဒေသကို အသက်ထက် 

  • ခင်တွယ်ကြတယ်လို့ ဦးထော်ခေါင် က ဆိုပါတယ်။

  • လချိဒ် မျိုးနွယ်စုတွေက သူတို့မြေတွေကို တရုတ်ကို ပေးလိုက်တယ်လို့ တွေးဆမိတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးနုက ရောင်းစား ခဲ့တာ လို့ အပြစ်တင်ကြပါတယ်။
    တကယ်တော့ ၀န်ကြီးချုပ် ဦးနုက လချိဒ် မျိုးနွယ်စုတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို ရောင်းစားခဲ့တာ မဟုတ်ပါဘူး။
    အထူးဒေသ (၁) အပါအ၀င် မြစ်ကြီးနားခရိုင် တခြမ်းနီးနီးဟာ ၁၉၁၃ ခုနှစ် မတိုင်ခင်က တရုတ်ပြည်ရဲ့ နယ်နိမိတ်တွေပါ။ အဲဒီ နယ်မြေတွေကို ၁၉၁၃ ခုနှစ်ကစလို့ ဗြိတိသျှတပ်ဖွဲ့က “ထာဝရ ငှားရမ်း” တယ်လို့ ဆိုပြီး တရုတ်အစိုးရကို လစဉ် ယွမ် တထောင် ပေးပြီးတော့ ဗြိတိသျှက တပ်စခန်းတွေ ချထားခဲ့တာပါ။
    တရုတ်နိုင်ငံရဲ့ မြေလို့ ဆိုပေမယ့် နေထိုင်တဲ့သူတွေက မြန်မာနိုင်ငံက ကချင်မျိုးနွယ်စုတွေ ဖြစ်နေတာကြောင့် ဗြိတိသျှက မြန်မာ နိုင်ငံ နယ်နိမိတ်လို့ပဲ သတ်မှတ်ထားခဲ့ပါတယ်။ တရုတ်အစိုးရကတော့ သူတို့မြေကို အဆုံးရှုံးမခံနိုင်တာကြောင့် လစဉ်ပေးတဲ့ ယွမ် တ ထောင် ကို တကြိမ်တခါမှ မယူခဲ့ဘူးလို့ တရုတ်ပြည် ၀န်ကြီးချုပ် ချူအင်လိုင်းရဲ့ မြန်မာ-တရုတ်နယ်ခြား ပြဿနာ ဆိုတဲ့ မှတ်တမ်း ထဲမှာ ရေးသားထားပါတယ်။
    နယ်ခြားမျဉ်း မသတ်မှတ်ရသေးဘဲ ရှုပ်ထွေးနေတဲ့ မြန်မာ-တရုတ် နယ်ခြားပြဿနာကို မြန်မာနိုင်ငံက ၀န်ကြီးချုပ် ဦးနု နဲ့ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ချူအင်လိုင်း တို့က ၁၉၅၆ ခုနှစ် အောက်တိုဘာလ အတွင်းမှာ စတင်ဆွေးနွေးခဲ့ကြပါတယ်။
    အစည်းအဝေးမှာ ဦးနုက ရှမ်းပြည်နယ် အစွန်ဆုံးက“၀” တောင်တန်းဒေသတွေမှာ တရုတ်နီတပ်တွေ ၀င်ရောက်အခြေချ နေထိုင် နေတာကို ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ပြီး ချူအင်လိုင်းကမူ ဗြိတိသျှ ငှားရမ်းခဲ့တဲ့မြေတွေထဲက သူတို့အတွက် အရေးပါတဲ့ ဖီမော၊ ဂေါ်လန်၊ ကန်ဖန် ဆိုတဲ့ ရွာ သုံးရွာကို ပြန်ပေးဖို့၊ မပေးနိုင်ရင် ၀ တောင်တန်းတွေထဲက ပန်းဟန်းနဲ့ ပန်လော ဆိုတဲ့ နယ်မြေတွေကို အစားထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

  • တရုတ်ဘက်က တောင်းဆိုချက်မှာ ကချင်ပြည်နယ်အရေး ပါဝင်နေတာကြောင့် ဦးနုက 

  • ကချင်ခေါင်းဆောင် သုံးဦးဖြစ်တဲ့ ကချင်ပြည် နယ် ၀န်ကြီးချုပ် ဇမ်ထားဆင်၊ ကချင်ပြည်နယ် 

  • ဥက္ကဋ္ဌ ဟောင်းတွေဖြစ်တဲ့ ဒူဝါ ဇောင်လွန်းနဲ့ ဒူဝါ ဆမား ဆင်ဝါးနောင် တို့ကို 

  • တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို ဖိတ်ခေါ်ပြီး ကချင်ရွာ သုံးရွာပေးဖို့ကိစ္စ ပြောဆိုကြတဲ့ အခါ 

  • ဒူဝါဇမ်ထားဆင်က ငြင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ အစိုးရအဖွဲ့က ပေးလိုက်ပါက 

  • လက်နက်ကိုင် တိုက်ခိုက်မယ်လို့ ပြောဆိုပြီး ကချင်ပြည်နယ်ကို ပြန်လာခဲ့ပါတယ် ။

  • ဒူဝါ ဇမ်ထားဆင်က ကချင်ပြည်နယ်ကို ပြန်ရောက်ရောက်ချင်း ဘိလပ်မြေအိတ်တွေ 

  • ၀ယ်ယူပြီး ချမ်းမောခုန်း ကို အမှာစကားနဲ့ အတူ ဘိလပ်မြေအိတ်တွေကို ပို့ခဲ့တယ်လို့ 

  • ဦးယောခေါက ဆိုပါတယ်။ ချမ်းမောခုန်းက လချိဒ် မျိုးနွယ်စုတွေ နားလည်လိုက်တာက 

  • သူတို့မြေတွေ ရောင်းစား ခံရတော့မယ်ဆိုတာပဲ လို့ ဦးထော်ခေါင်က ဆိုပါတယ်။

  • “ကျနော်တို့ အဘိုးတွေက ဒူဝါပို့လိုက်တဲ့ ဘိလပ်မြေအိတ်တွေကို ကျောမှာ ပိုးပြီး 

  • ဖီမောမှာ ကျောက်တိုင်သွားလုပ်ခဲ့တယ်”လို့ ဦး ထော်ခေါင်က အတိတ်ကာလကို ပြန်ပြောင်း
  • ပြောပြလေသည် ။
    
  • ဖီမောမြို့ကိုရောက်တာနဲ့ လချိဒ် မျိုးနွယ်စုတွေက အောက်ခြေ ပဉ္စဂံပုံစံရှိပြီး 

  • အမြင့် ၇ ပေလောက်ရှိတဲ့ ကျောက်တိုင်တခုကို နေ့ချင်း အပြီး ဆောက်လုပ်ခဲ့ပါတယ်။

  • တရုတ်နိုင်ငံဘက်က မြေလာတိုင်းတဲ့အချိန်မှာ ကျောက်တိုင်တခုကို တွေ့တာနဲ့ မေးမြန်းတဲ့အခါ လချိဒ် မျိုးနွယ်စုတွေက ၎င်းတို့ ဘုရင်၊ ဘုရင်မတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင် ဖြစ်တယ်လို့ ပြောလိုက်တော့ မြေတိုင်းတဲ့သူတွေလည်း နောက်ဆုတ်ပြီး တိုင်းသွားတယ်လို့ ဦးထော်ခေါင် က ရှင်းပြပါတယ်။

  • ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီလမှာ ၀န်ကြီးချုပ်ဦးနုနဲ့ တရုတ်နိုင်ငံက သဘောတူညီထားတဲ့ အချက်တွေအတိုင်း မြန်မာနိုင်ငံဘက်က အိမ် စောင့်အစိုးရ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ တရုတ်နိုင်ငံဘက်က ၀န်ကြီးချုပ် ချူအင်လိုင်းတို့က နယ်ခြားသတ်မှတ်ရေး သဘောတူညီမှု စာချုပ် ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒီလိုနဲ့ ဖီမောမြို့ကလေးဟာ တခြမ်းက မြန်မာနိုင်ငံ၊ တခြမ်းက တရုတ်နိုင်ငံ ဖြစ်သွားပါတော့တယ်။
    တရုတ်နိုင်ငံဘက်က တောင်းဆိုခဲ့တဲ့ ဂေါ်လန်၊ ကန်ဖန်ရွာတွေကတော့ ဒူဝါ ဇမ်ထားဆင် ပို့လိုက်တဲ့ ဘိလပ်မြေတွေနဲ့ ချမ်းမောခုန်း ရွာက လချိဒ် မျိုးနွယ်စုတွေ ကြိုးပမ်းပုံဖော်ခဲ့တဲ့ ကျောက်တိုင်ကြောင့် ကချင်ပြည်နယ်ထဲမှာပဲ ဒီနေ့အထိ ကျန်နေခဲ့ပါတယ်။
    ဦးထော်ခေါင်က“နယ်ခြားမျဉ်း ခွဲလိုက်တော့ တရုတ်ပြည်ဘက်ကို ပါသွားတဲ့ ဖီမောတခြမ်းမှာ လချိဒ် ၂၀၀ လောက်ရှိတယ်၊ မြန်မာ အစိုးရက တနိုင်းမြို့ဘက်ကို ရွှေ့လိုက်တယ်၊ သူတို့ တနိုင်းမှာ အပူဒဏ် မခံနိုင်လို့ အကုန်သေသွားတယ်”လို့ ပြောပါတယ်။
    ဒါ့ကြောင့် လချိဒ်မျိုးနွယ်စုတွေက တနှစ်ပတ်လုံး အေးစိမ့်နေတဲ့ ဒေသ ၊ ဆောင်းတွင်းဆို နှင်းတွေ ဖြိုင်ဖြိုင်ကျတဲ့ သူတို့ ဒေသကနေ တခြားနေရာကို ပြောင်းရွှေ့ရမှာကို ဘ၀မှာ အကြောက်ဆုံးပဲ၊ လချိဒ်မျိုးနွယ်စုတွေအတွက် ဘုရားက ဖန်ဆင်းပေးထားတဲ့ နေရာလို့ ဦးထော်ခေါင်က ဆိုပါတယ်။

  • သူတို့ မျိုးနွယ်စု ၂၀၀ လောက် သေဆုံးခဲ့ရတာကြောင့် လချိဒ်မျိုးနွယ်စုတွေထဲက ဘိုးဘွားတွေက သူတို့ တခါမှ မမြင်ဘူး၊ မတွေ့ဘူး တဲ့ ၀န်ကြီးချုပ် ဦးနုကို စိတ်နာနေကြပါတယ် ။
    နယ်ခြားမျဉ်း သတ်မှတ်ပြီးနောက်မှာ လက်မခံကြတဲ့ ကချင်လူငယ်တချို့က လက်နက်ကိုင်တပ်ဖွဲ့ တခုကို ၁၉၆၁ ခုနှစ်မှာ ထူထောင်ပြီး အစိုးရကို တော်လှန်ခဲ့ကြပါတယ်။ အဲ့ဒီ လက်နက်ကိုင် တပ်ဖွဲ့ထဲမှာ လချိဒ် လူမျိုးတယောက်ဖြစ်ပြီး အခု အထူးဒေသ (၁) ရဲ့ ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း ကလည်း တပ်မှူးတယောက်အနေနဲ့ ပါဝင်ခဲ့တယ်လို့ လက်ရှိ အထူးဒေသ (၁) ပြည်သူ့စစ် ခေါင်းဆောင် ဦးယောခေါက ပြောပါတယ်။
    ဖွဲ့စည်းလိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ထဲမှာလည်း ဦးစခုန်တိန့်ယိန်း ဦးစီးတဲ့ လော်ဝေါ်၊ လချိဒ် တပ်ဖွဲ့တွေကို အခြား ကချင်မျိုးနွယ် စုတွေက ခွဲခြားဆက်ဆံခဲ့တာကြောင့် ဦးစခုန်တိန့်ယိန်းက ၁၉၆၅ ခုနှစ်မှာ ထပ်မံခွဲထွက်လိုက်ပြီး တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီ၊ ဗမာ ကွန်မြူနစ် ပါတီတို့နဲ့ ဆက်သွယ်ကာ ကချင်ကွန်မြူနစ် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ထူထောင်ပြီး လချိဒ်၊ လော်ဝေါ် ဒေသကို စောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။
    ထိုစဉ်က အထူးဒေသ (၁) ကို ကွန်မြူနစ် အခြေစိုက်စခန်း ၁၀၁ စစ်ဒေသလို့လည်း ခေါ်ဝေါ်တယ်လို့ သိရပါတယ်။
    ကွန်မြူနစ်ကာလကို ဖြတ်သန်းခဲ့တဲ့ အချိန်မှာ လချိဒ်၊ လော်ဝေါ်မျိုးနွယ်စုတွေက ပိုမိုဆင်းရဲနွမ်းပါးလာခဲ့ပြီး သူတို့ကိုးကွယ်တဲ့ နတ်ကွန်း တွေ၊ ဘုရားကျောင်းတွေကိုလည်း ပိတ်ပစ်လိုက်ရတယ်လို့ ဦးထော်ခေါင်က ပြောပါတယ်။
    “ဒီဒေသမှာ ဦးစခုန်က အရေးပါဆုံး ဟုတ်တယ်၊ သူ့စကားတခွန်းဆို တခွန်းပဲ”လို့လည်း ဦးထော်ခေါင်က မှတ်ချက်ပြုပါတယ်။
    ၁၉၈၅ ခုနှစ်မှာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီက ဦးစခုန်တိန့်ယိန်းတို့တပ်ဖွဲ့ကို ရိက္ခာ ဖြတ်တောက်လိုက်တဲ့အပြင် ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်လည်း ပြိုကွဲသွားတာကြောင့် ၁၉၉၀ မှာ ဦးစခုန်တိန့်ယိန်းတို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီး အစိုးရက လချိဒ်၊ လော်ဝေါ်တွေရဲ့ ဒေသကို အထူးဒေသ (၁) လို့ အမည်ပေးလိုက်တာ ဖြစ်ပါတယ်။
    ငြိမ်းချမ်းရေး ယူပြီးပေမယ့် လချိဒ်၊ လော်ဝေါ်မျိုးနွယ်စုတွေမှာ မငြိမ်းချမ်းနိုင်သေးပါဘူး။ သူတို့မျိုးနွယ်စု မဟုတ်သူတွေနဲ့ အခြား လက်နက်ကိုင် တပ်ဖွဲ့တွေ ၀င်မလာစေဖို့ အိမ်တိုင်းမှာရှိတဲ့ သားယောက်ျားလေး မှန်သမျှ စစ်မှု မထမ်းမနေရ စနစ်နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ကို ထပ်မံ တည်ထောင်လိုက်ပါတယ်။

  • အထူးဒေသ (၁) တခုလုံးကို ကန့်လန့်ဖြတ် စီးဆင်းနေတဲ့ မေခမြစ် (အင်မိုင်ခ) ရဲ့ တဖက်၊ ညာဘက်ခြမ်းမှာတော့ ကချင် လွတ်လပ် ရေး တပ်မတော်(KIA) အခြေစိုက် တပ်စခန်းတွေရှိပြီး ဘယ်ဘက်ခြမ်းမှာတော့ ပြည်သူ့စစ်တွေ ဖြစ်တဲ့ လချိဒ်၊ လော်ဝေါ် မျိုးနွယ် စုတွေ နေထိုင်ပါတယ်။

    အထူးဒေသ (၁) ဟာ ခေတ်စနစ်အမျိုးမျိုးမှာ ပြောင်းလဲ နေထိုင်လာခဲ့ရပေမယ့် မပြောင်းလဲတာကတော့ ကိုယ့်ဒေသကို ကာကွယ်ဖို့ ဆိုတဲ့ အသိစိတ်ပါပဲ။
    ဒီဒေသက ငြိမ်းချမ်းရေးယူထားတဲ့ ဒေသဖြစ်လို့ တပ်မတော်ရဲ့ တပ်စခန်းတချို့ ချထားတာကို တွေ့ရပေမယ့် တကယ့် အုပ်ချုပ်ရေး ပိုင်းကို အာဏာချုပ်ကိုင်ထားတာကတော့ ပြည်သူ့စစ် တပ်ဖွဲ့က ဖြစ်ပါတယ်။ အထူးသဖြင့် နယ်ခြားစောင့်တပ် (ကချင်ပြည်နယ်)နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ နှစ်ခုလုံးတို့ရဲ့ အကြီးအကဲဖြစ်တဲ့ ဦးစခုန်တိန့်ယိန်းပဲ ဖြစ်ပါတယ်။
    ဦးစခုန်တိန့်ယိန်းကတော့ ပန်ဝါမြို့မှာ နယ်ခြားစောင့်တပ် (ကချင်ပြည်နယ်)၊ စစ်ဌာနချုပ် ထားပြီး နေထိုင်ပါတယ်။
    ပြည်သူ့စစ် တပ်ဖွဲ့ရဲ့ အဓိကရုံးစိုက်တာကတော့ ချမ်းမောခုန်း ရွာမှာပါပဲ။


    လချိဒ်မျိုးနွယ်စုတွေက အခုချိန်ထိ နတ်တွေကို ကိုးကွယ်ကြပြီး တောင်ယာ လုပ်တဲ့အခါ၊ ရိတ်သိမ်းတဲ့အခါ၊ ကလေး မီးဖွားတဲ့ အခါ ဖျားနာ နေထိုင်မကောင်း ဖြစ်ကြတဲ့အခါတွေမှာ တိုင်တည်ဆုတောင်းကြပြီး ကြက်၊ ၀က်နဲ့ နွားတွေကို ယဇ် ပူဇော်တာမျိုးတွေလည်း လုပ်ကြပါသေးတယ်။
    ကိုယ့်ဒေသကို ခြံစည်းရိုးပိတ်လို့ နေထိုင်လာတဲ့ လချိဒ် မျိုးနွယ်စု၊ လော်ဝေါ် မျိုးနွယ်စုတို့က ဘာစီးပွားရေးလုပ်ငန်းမှကို မမျှော်လင့် ဘဲ သူတို့ ဒေသကို ကာကွယ်ဖို့ တခုတည်းအတွက် ပြည်သူ့စစ် လုပ်ရင်း၊ တောင်ယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ဘ၀ကိုပဲ တင်းတိမ် နေ ကြပါတယ်။


    မိဘတွေက တောင်ယာလုပ်ကိုင်နေတဲ့ အချိန်မှာ ကလေးငယ်တွေက သူတို့ရဲ့ မောင်နှမငယ်တွေကို ပြန်ထိန်းကျောင်းရပါတယ်။ အသက် ၁၅ နှစ် ကျော်တဲ့ သားယောက်ျားလေးတွေကတော့ ပြည်သူ့စစ် တာဝန် ထမ်းဆောင်နေသူတွေလည်း ရှိတာ တွေ့ရပါ တယ်။
  • နတ်ကိုးကွယ်မှုကနေ ယဉ်ကျေးမှု အစပြုလာတာကြောင့် ရိုးရာအရ စစ်သည်တော်ရွေးချယ်ရာမှာ ဘာသာရေး ဆရာ၊ ရှေ့ဖြစ်ဟော ဆရာတွေက နိမိတ်ဖတ်ပြီး ၁၂ လက်မ လုံးပတ်ခန့်ရှိတဲ့ သစ်သားကို ဓားနဲ့ တချက်တည်း ပြတ်အောင်ခုတ်နိုင်ရင် စစ်သည်တော်ဖြစ်တယ် ဆိုပြီး ရွေးချယ်တဲ့ ဓလေ့လည်း ရှိတယ်လို့ သိရပါတယ်။

  • လချိဒ်မျိုးနွယ်စုတွေက ခရစ်ယာန် ဘာသာကို အဓိက ကိုးကွယ်နေကြပြီဖြစ်ပေမယ့် တချို့ အရေးကိစ္စတွေမှာတော့ နတ်တွေကို အားကိုးနေကြတုန်းပါပဲ။
    ရဲစခန်းတို့ တရားဥပဒေတို့ မရှိတာကြောင့် အထူးဒေသ (၁)မှာ တရုတ်ဘက်ကို လူကုန်ကူးမှု၊ လူသတ်မှု တို့ ဖြစ်ပွားခဲ့ရင်လည်း ပြည်သူ့စစ် ခေါင်းဆောင်တွေဆီမှာ တိုင်တန်းပြီး ပြေလည်လိုက်ကြတယ်လို့ သိရပါတယ်။ သီးသန့် အရေးယူ ဆောင်ရွက်တာမျိုးတွေ မရှိကြပါဘူး။
  • လချိဒ်မျိုးနွယ်စုတွေ နေထိုင်တဲ့ နေရာက ချီဖွေမြို့နယ်နဲ့ တောင်ပေါ် မြေလမ်း ပေါက်တာတောင် ၂ နှစ်ပဲ ရှိပါသေးတယ်။ လမ်းပန်း ဆက်သွယ်ရေး မကောင်းတဲ့အပြင် တယ်လီဖုန်းလိုင်းတွေလည်း မရှိပါဘူး။
    အဲဒီ့အတွက် သူတို့ရဲ့ တနေ့တာဟာ အိမ်မှုကိစ္စ လုပ်ခြင်း၊ တောင်ယာ အလုပ်လုပ်ခြင်း၊ ကိုယ့်ဒေသကိုယ် စောင့်ရှောက်ခြင်း ဆိုတာ တွေနဲ့ပဲ အချိန်ကုန်သွားကြပါတယ်။ သူတို့အတွက် ခေတ်ပေါ် ဇိမ်ခံပစ္စည်းဆိုတာ ဘာမှ မရှိပါဘူး။
    ပြည်သူ့စစ် တာဝန် ထမ်းဆောင်နေတဲ့ သူတွေကလည်း သတ်မှတ်ထားတဲ့ ဂိတ်စခန်းတွေမှာ အလှည့်ကျ စောင့်ရပြီး လူအ၀င် အထွက် မှတ်တမ်းကို ပြုလုပ်ရပါတယ်။
    တာဝန်မကျသေးတဲ့ စစ်သားတွေကတော့ ယူနီဖောင်းတွေ ၀တ်ဆင်ပြီးတော့ပဲ မိဘပိုင် တောင်ယာတွေမှာ ကူညီလုပ်ကိုင် ပေးနေ တာကို မြင်တွေ့ရပါတယ်။
  • ပြည်သူ့စစ်ထဲကိုဝင်တာ ၁နှစ်ကြာပြီဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် ဒိုင်ခေါင်က “တောင်ယာလည်း လုပ်တတ်တယ်၊ ဒေသကို ကာကွယ်ဖို့လည်း အဖေက သေနတ်ပစ် ကောင်းကောင်းသင်ပေးထားတယ်”လို့ ပြောပါတယ်။
  • ဒိုင်ခေါင်က သူတို့ရိုးရာသမိုင်းတွေကို ဘိုးဘွားတွေက လက်ဆင့်ကမ်းခဲ့ကြောင်းနဲ့ ဖီမောမြို့က တချိန်က သူတို့ လချိဒ်မျိုးနွယ်စုတွေ ပိုင်ဆိုင်ခဲ့တယ်ဆိုတာကိုလည်း သိတယ်လို့ ပြောပါတယ်။
    လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ပြည်မနဲ့ အဆက်အသွယ် ပြတ်တောက်မှု၊ အစိုးရနဲ့ လချိဒ်မျိုးနွယ်စုတွေကြား တိုက်ရိုက် ဆက်သွယ်မှု မရတာတွေကြောင့် လချိဒ်မျိုးနွယ်စုတွေက ၀န်ကြီးချုပ် ဦးနု အပေါ်မှာတော့ အခုထိ အထင်လွဲနေဆဲပါ။







နေပြည်တော်ရှိ သူခိုးကြီးများ အကြောင်း အပိုင်း ( ၃ ) ........




ဗိုလ်ချုပ်ကြီး ( ငြိမ်း)  သူရ ရွှေမန်း ( General )


၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ်

ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်း ဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး

အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်သူပုန်တွေကို တိုက်ရာမှာ

အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက်

တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ်

အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။

နောက်တနှစ်  အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း

တိုင်းမှူးဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ယာယီအဖွဲ့ဝင် ဖြစ်လာတယ်။

၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့

အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင်

အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိကျသလို

ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင်

ပြုစုတတ်တော့ အရှင် မွေးတော့ နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက်

အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ်အဆက်ကို ထိန်း ပေး ခဲ့သလို၊

သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့

အတွင်းသိတချို့ကတော့ ပြောကြ တယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့

ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်းအတွက် မောင်တထမ်း

မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး

တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး

အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ

မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော်

ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့်

တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့

တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံရှာပေးနေရတဲ့

ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး

တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရတယ်။

ဗိုလ်ချုပ်ကြီး ရွှေမန်းကလည်း တပ်အသိုင်းအ၀န်းအတွင်းမှာ လူရှိန်အောင် စမတ်ကျကျ နေတတ်တယ်၊

အနေအထိုင်ဟော့ဟော့ ရမ်းရမ်းမရှိ၊ အသောက်အစားကလည်း လူကြီး လူကောင်းဆန်ဆန်။

တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့ မတူဘဲ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနဲ့ သူ့ကို

စမတ်ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။ ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင် တခြား

ဗိုလ်ချုပ်တွေလို မိန်းမကြိုက်တတ်တာကိုတောင် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိဘူးလို့ ပြောရမယ်။

စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ ဓမ္မတာပါပဲ၊ ဒါပေမယ့် သူ့ရှေ့က မျိုးချစ်

ဗိုလ်ချုပ်ကြီးတွေနဲ့ မတူတာကတော့ သူရ ဦးရွှေမန်း က နိုင်ငံတကာအမြင် ပိုရှိတယ်လို့ ဆိုရမယ်။

နီးစပ်သူတွေရဲ့ အဆိုအရတော့ ဦးရွှေမန်းဟာ ပြည်တွင်း ဖြစ်ထက် ထိုင်းနဲ့ အနောက်တိုင်းသူတွေကိုမှ

ပိုပြီး အာသီသရှိသတဲ့၊ ဆက်သွယ်ရေး လမ်းကြောင်းကတော့ သူ့သား အောင်သက်မန်းရဲ့ဆရာ

ဦးတေဇ ပါပဲ၊ အဲပုဂံ နဲ့ ဘန်ကောက်က သွားပင့်လာပြီး ရန်ကုန်က ထိပ်တန်း ဟိုတယ်ကြီးတွေမှာ

ပျော်ပါးသတဲ့။

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့

နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့်

နိုင်ငံစီးပွားထက်စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း

သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့

ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို

တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို

ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး

ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့

ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး

ခွင့်ပြုခဲ့ခြင်းပါ။

အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး

အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့

ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန်

စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။

နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း

မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ

ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း

ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့

အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့

ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။

ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး

ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။

“အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို

ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ

မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လတ်တလောပြီးဆုံးသွားပြီဖြစ်တဲ့ နအဖ စစ်ကောင်စီရဲ့ အစည်းအဝေးက ထွက်လာတဲ့ သတင်းအရ

သူရ ဦးရွှေမန်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူရမယ်လို့ ဆိုတယ်။ လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့

တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကို ကြေညာတဲ့အခါ“ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့


အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။     ။

Saturday, May 21, 2016

နေပြည်တော်ရှိ သူခိုးကြီးများ အကြောင်း အပိုင်း ( ၂ ) ........





  • ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး  

  • ( Vice-Senior General Maung Aye )


  •  
  • တချိန်တုန်းက နိုင်ငံတော် အေးချမ်းသားယာရေးနှင့် ဖွံ.ဖြိုးတိုးတက်ရေး
  •  
  • စစ်ကောင်စီရဲ့ ထိပ်တန်းအဆင့်အမြင့်ဆုံး ခေါင်းဆောင်ထဲမှာ ပါဝင်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး
  •  
  • မောင်အေးဟာ ၁၉၅၅ ခုနှစ်က  ပထမဆုံးဖွင့်လှစ်တဲ့ ကာကွယ်ရေးစစ်တက္ကသိုလ်
  •  
  • (Defence Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး
  •  
  • တပ်မှာ နောက်ဆုံးလက်ကျန် DSA အပတ်စဉ် (၁) ကျောင်းဆင်းလို့ ဆိုနိုင်ပါတယ်။
  •  
  • လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖြုတ်ခံလိုက်ရတဲ့ ကုန်သွယ်ရေး ဝန်ကြီးဟောင်း
  •  
  • ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊
  •  
  • စစ်ဥပဒချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ မြောက်ကိုရီးယား ဗုံးဖောက်ခွဲမှုကြောင့် ပြုတ်သွားခဲ့တဲ့
  •  
  • ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကို၊ နိုင်ငံတော် ကောင်စီရုံး
  •  
  • ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း
  •  
  • ဗိုလ်မှူးကြီး အောင်မြင့်ဘော်တို့နဲ့ တပတ်စဉ်ထဲပါ။ စစ်တက္ကသိုလ် ကျောင်းသားဘ၀မှာရော
  •  
  • တပ်ထဲမှာပါ ထူးချွန်သူ  တယောက်တော့ မဟုတ်ဘူးလို့ ရင်းနှီးသူတွေက ဆိုကြတယ် ။


    တပ်ထဲမှာ အရာရှိငယ်ဘ၀နဲ့ တာဝန်ထမ်းဆောင်ခဲ့အပြီး ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ
  •  
  • ဗိုလ်မှူးဘ၀နဲ့ စစ်တက္ကသိုလ်မှာ ပြန်ပြီး နည်းပြဖြစ်လာတယ်။ ဒါပေမယ့် အစ်ကိုဖြစ်သူ
  •  
  • အမြောက်တပ်ရင်းမှူးဟောင်း ဒု ဗိုလ်မှူးကြီး ကျော်ဇော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ
  •  
  • ရာထူးကြီးကြီး ရခဲ့ပြီးတဲ့နောက် ဗိုလ်မှူး မောင်အေးလည်း အရှင်မွေး နေ့ချင်းကြီး ဖြစ်လာခဲ့တယ်။
  •  
  • ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အပိုင်းမှာ ညွန်ကြားရေးမှူးအဖြစ်
  •  
  • ပြောင်းလဲတာဝန်ယူခဲ့ရပြီး နောက်မှာတော့ ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မမှူး တာဝန်ယူရတယ်။
  •  
  •  
  • တပ်မမှူးဘ၀မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေထဲမှာရှိတဲ့ ဗကပ၊ ရှမ်းနဲ့ ပအိုးဝ်
  •  
  • တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းရေးတာဝန် ယူခဲ့တဲ့အတွက် ၁၉၈၅ ခုနှစ်မှာ
  •  
  • ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် 

  • တိုင်းမှူးဖြစ်လာခဲ့တယ်။
  •  
  • တိုင်းမှူးဖြစ်ပြီး မကြာပါဘူး၊ ၁၉၈၈ ခုနှစ် မဆလ တပါတီ အာဏာရှင်အုပ်ချုပ်ရေး ပြိုပျက်ပြီး
  •  
  • စစ်တပ်အာဏာသိမ်းချိန်မှာတော့ ၁၉ ဦးပါ စစ်ကောင်စီမှာ နေရာရလာခဲ့တယ်။
  •  
  • စစ်သွေးစစ်မာန်အပြည့်နဲ့ အဖျက်သမားဆို ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့၊ ငါတို့ကသာ
  •  
  • တိုင်းပြည်ချစ်တာ၊ ကယ်တင်ခဲ့တာဆိုပြီး လက်နက်အားကိုး ခပ်ကြမ်းကြမ်း လုပ်တတ်တဲ့
  •  
  • စစ်ဝါဒီတွေ ထုံးစံအတိုင်း   ဗိုလ်မှူးချုပ် မောင်အေး တယောက် အရှေ့ပိုင်း ရှမ်းပြည်နယ်တခွင်မှာ
  •  
  • စစ်ဘုရင်ဖြစ်လာတော့တာပေါ့။ အရင်ကတော့ အထက်ဆရာ့ဆရာ ဗိုလ်ချုပ်ဟောင်းကြီးတွေကြောင့်
  •  
  • ငြိမ်နေခဲ့ရတဲ့ ဗိုလ်မှူးချုပ် မောင်အေး တယောက် မရဲတရဲနဲ့ ကျွဲပြဲ စီးနေ ရတဲ့ဘ၀ကနေ
  •  
  • င့ါခြေငါ့လက် လုပ်ရဲကိုင်ရဲ ဖြစ်လာခဲ့တယ်။

  • ၁၉၉၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်အဆင့်ကို တိုးမြှင့်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်ကြီး စောမောင်
  •  
  • လက်ထဲကနေ ဗိုလ်သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲယူလိုက်ချိန်မှာတော့
  •  
  • စစ်ဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် စိန်အောင်၊ ဗိုလ်ချုပ်
  •  
  • မြင့်အောင်တို့လို စစ်သားကြမ်းကြီးတွေကို ဖြတ်တက်ပြီး  ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိခဲ့တယ်။
  •  
  • စစ်တက္ကသိုလ် ပထမဆုံးအသုတ် ကျောင်းဆင်းဆိုပြီး သွေးနားထင်ရောက်နေတဲ့ ဗိုလ်ချုပ်
  •  
  • မောင်အေးတယောက် ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရခဲ့ပြီး အာဏာအသေအချာ
  •  
  • ဆုပ်ကိုင်နိုင်ချိန်မှာတော့ “ငါတို့သာ စစ်တက္ကသိုလ်ကျောင်းဆင်း” ဆိုတဲ့ ဘိန်းစားချင်း
  •  
  • အတူတူ တမူးပိုရှုချင်တဲ့ စိတ်ဓာတ်တွေကို တပ်ထဲကို ရိုက်သွင်းလာပါတော့တယ်။
  •  
  •  
  • “DSA မဟုတ်တဲ့ကောင်တွေ ရာထူးတိုးမပေးနဲ့၊ သင်တန်းမတက်စေနဲ့၊ အမှုဖြစ်လာရင်
  •  
  • ငယ်တဲ့အမှုကို ကြီးစေ၊ ကြီးတဲ့အမှုကို ပိုကြီးအောင် ငါ့ဆီကိုတင်ပြ” ဆိုတဲ့ သူ့ရဲ့
  •  
  • သွေးခွဲစကားကြောင့် တပ်ထဲက အရာရှိတွေအကြား သွေးကွဲပြီး လုပ်ဖော်ကိုင်ဖက်
  •  
  • အချင်းချင်း လည်ပင်းလှီးကြ၊ DSA ကျောင်းဆင်းတွေက အလုပ်သင်တွေကို ပြဿနာရှာ၊
  •  
  • သတိပေးဆုံးမလောက်နဲ့ ပြီးရမယ့်ကိစ္စလည်း အထက်လူကြီးဆီ တင်ပြ၊ လည်ပင်း
  •  
  • ကြိုးကွင်းစွပ်ဖို့ ကြိုးစား စတဲ့ ဇာတ်တူသားစား ဟင်္သာကိုးသောင်းပျက်မယ့် ဇာတ်တွေ
  •  
  • တပ်ထဲမှာ ဒုနဲဒေးပေါ်ပေါက်လာပါတယ်။

  • တကယ်တော့ တပ်ဆိုတာ စစ်တက္ကသိုလ် ကျောင်းဆင်းတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။
  •  
  • အခြားအခြားသော အရာရှိတွေနဲ့ပါ ဖွဲ့စည်းထားတာပါ၊ ဘယ်စစ်သင်တန်းကျောင်း၊
  •  
  • ဘယ်စစ်တက္ကသိုလ်ကပဲဆင်းဆင်း အရာရှိခြင်း အတူတူ၊ ထမ်းဆောင်ရတဲ့ ၀တ္တရားချင်းလည်း
  •  
  • အတူတူ၊ နှာခေါင်းနှစ်ပေါက်နဲ့ အသက်ရှုတာခြင်း အတူတူ၊ တိုက်ပွဲမှာ အသက်ပေးရတာခြင်းလဲ
  •  
  • အတူတူပါပဲ။
  •  
  •  
  • ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ DSA ပေါ်လစီ ကောင်းမှုကြောင့် ရာထူးမတက်တော့တဲ့
  •  
  • အလုပ်သင်ကျောင်းဆင်း၊ OTS ကျောင်း ဆင်းတွေခမျာ ရာထူးလည်းမတက်၊ ထွက်ခွင့်လည်းမပေး၊
  •  
  • စိတ်ဓာတ်ညဉ်းဆဲ ခံရတာတွေကြောင့်  စိတ်ညစ်ပြီး ပြင်ပလောကမှာ ဆိုက်ကားပဲ
  •  
  • နင်းရနင်းရဆိုပြီး အရူးလက်မှတ်ရော ဘာသော နားမလည်ဘူး၊ ဆေးလက်မှတ်မျိုးစုံနဲ့
  •  
  • တပ်ကထွက်ပြီး စီးပွားရေး လုပ်နေသူ၊ တက္ကစီ ဆွဲနေသူ စတဲ့ အရာရှိကြီးငယ်တွေ မနည်းပါဘူး။
  •  
  •  
  • အခုလည်း တပ်ထဲက နောက်ဆုံးလက်ကျန် အလုပ်သင်ဗိုလ်သင်တန်းဆင်း ဗိုလ်မှူးကြီးတွေ၊
  •  
  • ဗျူဟာမှူးကြီးတွေကို အဝေးသင် စာပေးစာယူနဲ့ ဘွဲ့ရတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့
  •  
  • မကြာသေးမီရက်ပိုင်းက ဖွင့်ခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDC) ကို
  •  
  • တက်ရောက်ခွင့် မပေးဘူးလို့ သိရပါတယ်။ တကယ်တော့ အဝေးသင်တက္ကသိုလ်
  •  
  • ဆိုတာလည်း နိုင်ငံတော်က တရားဝင် ဖွင့်ထားခဲ့တာပါ။


  • အရက်ကို နေ့ညမပြတ် အမြဲတမ်းသောက်တတ်တဲ့ ဒုချုပ် မောင်အေးဟာ
  •  
  • ဘလူးလေဘယ်လ် တပုလင်းလောက်ဝင်မှ နေသာထိုင်သာရှိသတဲ့။ မူးလာရင်လည်း 
  •  
  • အောက်လက်ငယ်သားတွေကို မေးခွန်းတွေ ထပ်ခါတလဲလဲမေးပြီး အရမ်းရစ်တတ်လို့
  •  
  • ဒုချုပ်နဲ့တော့ မတွေ့ချင်ဘူး၊ ကျားမြီးသာ ဆွဲလိုက်ချင်တယ် ဆိုတဲ့သူတွေလည်း တပ်ထဲနဲ့
  •  
  • လက်ရှိ စစ်အစိုးရထဲမှာ ဒုနဲဒေးပါ။
  •  
  • အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့မှာတောင် ဆိုင်ကယ်တွေ စီးလို့ရပေမယ့်
  •  
  • ရန်ကုန်မြို့ကြီးမှာတော့ စစ်အာဏာရှင် ဘိုးအေကြီး ဦးနေ၀င်းရဲ့ မြေးတွေက
  •  
  • မော်တော်ဆိုင်ကယ်တွေ အုပ်စုလိုက်နဲ့ လူကြီးခရီးစဉ် ကားတန်းတွေကို နှောက်ယှက်တဲ့အတွက်
  •  
  • ဒုချုပ် မောင်အေးက ရန်ကုန်မှာ ဆိုင်ကယ်မစီးရဆိုတဲ့ အမိန်ထုတ်ခဲ့တယ်။
  •  
  • တကယ်တော့ စစ်အာဏာရှင်ဟောင်းနဲ့ အသစ်ကြားက အားပြိုင်မှုမှာ ပြည်သူတွေပဲ
  •  
  • ဒုက္ခရောက်ကြတယ်၊ သွားရေးလာရေး ခက်ခဲကြရတယ်လို့ ဆိုရမှာပေါ့။
  •  
  • ဒုချုပ် မောင်အေးဟာ စစ်ဝါဒီပီပီ ဘယ်လောက်တောင် ရိုင်းစိုင်းသလဲဆိုတော့ ကရင်အမျိုးသား
  •  
  • အစည်းအရုံး (KNU) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး
  •  
  • စောသမူဟဲ လက်နက်ချ အခမ်းအနားမှာ မူးမူးနဲ့ ကရင်အလံတော်ကို စစ်ဘိနပ်နဲ့ တက်နင်းခဲ့သလို
  •  
  • ကချင်ပြည်နယ် မြစ်ကြီးနားက ကချင်ရိုးရာ မနောတိုင်ကိုလည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးပစ်ဖို့
  •  
  • အမိန့်ပေးခဲ့တယ်လို့ သိရတယ်။

  • လက်ရုံးအားကိုးနဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ရက်စက် အနိုင်ကျင့်တတ်တဲ့ ဒုချုပ်
  •  
  • မောင်အေးတယောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ရင်တော့ ရေမြွေလိုပဲ နာမည်နဲ့လိုက်အောင်
  •  
  • အေးဆေး ငြိမ်နေတတ်တယ်လို့ အတွင်းသိတွေက ဆိုကြတယ်၊၊
  •  
  • ဒီအချက်ကိုသိနေတဲ့ ဗိုလ်ချုပ်မှူးကြီးကလည်း သူနာမည်ပျက်ရမယ့်ကိစ္စ၊ လူမုန်းများမယ့် ကိစ္စတွေဆို
  •  
  • ကိုယ်တိုင်မလုပ်ဘဲ ဒုချုပ် မောင်အေးကိုပဲ ခိုင်းတယ်။ ဗိုလ်ချုပ်ခင်ညွှန်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို
  •  
  • တီးတုန်းကလည်း ဒုချုပ် မောင်အေးပဲ လက်ရဲဇက်ရဲနဲ့  ထောက်လှမ်းရေးတဖွဲ့လုံးကို ဖမ်း၊ ထောင်ထဲထည့်၊
  •  
  • အရေခွံ ဆုတ်ခဲ့လို့ ထောက်လှမ်းရေးတွေလည်း ကော့နေအောင် ခံလိုက်ရသေးတယ်။
  •  
  • အမိုက်ခံရမယ့် ကိစ္စတွေမှာသာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို ခိုင်းတာပါ၊
  •  
  • အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဒုချုပ် မောင်အေးကို လူစာရင်းတောင် မသွင်းပါဘူး။
  •  
  • ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုပ်ခဲ့တဲ့ စစ်တပ်ရာထူး အပြောင်းအရွှေ့မှာ တပ်ချုပ်ကြီး သန်းရွှေက
  •  
  • ဒုချုပ်မောင်အေးကို ဒု ကာကွယ်ရေး ဦးစီးချုပ်တယောက် အနေနဲ့ ခေါ်ယူ အသိပေးခဲ့ပေမယ့်
  •  
  • ပြောတဲ့လူစာရင်းကတမျိုး၊ ထုတ်ပြန်လိုက်တဲ့ စာရင်းက တမျိုးဖြစ်နေလို့ ဒုချုပ် မောင်အေး တယောက်
  •  
  • မျောက်မီးခဲ ကိုင်မိသလို ရှုးရှုးရှားရှားနဲ့ အရက် ကိုးမောင်းသောက်ပြီး  ဒေါသအလိပ်လိုက်
  •  
  • ထွက်သွားတယ်လို့ အတွင်းသိတွေကဆိုတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို
  •  
  • အဆိပ်မရှိတဲ့ ရေမြွေလို့ သဘောထားတယ်ဆိုတာကို ပြလိုက်တာပဲ။

  • ရာထူးအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ မိုက်ရူးရဲ ဒုချုပ် မောင်အေး တယောက် ဉာဏ်သမား
  •  
  • ဗိုလ်ချုပ်မှူးကြီးရဲ့ နှပ်ပစ်တာ ခံလိုက်ရပြီးတဲ့နောက်ပိုင်း သင်ခန်းစာတော့ ကောင်းကောင်း
  •  
  • ရလိုက်ပုံရတယ်။
  •  
  • ရာဇ၀င်မှာ သဘောထားချင်း မတိုက်ဆိုင်တဲ့သူ၊ ထိပ်တိုက်ရင်ဆိုင်မယ့် သူဆိုရင် ဆရာအရင်း
  •  
  • ဗိုလ်နေ၀င်းတို့၊ ပုခုံးထမ်းတင်ပေးခဲ့တဲ့ ဗိုလ်ခင်ညွှန့်ကိုတောင် ချမ်းသာမပေးတဲ့
  •  
  • ဗိုလ်ချုပ်မှူးကြီးတယောက် တပ်တော်ပါ ဗိုလ်ထု အင်အားကြောင့်သာ မချိသွားဖြဲလုပ်၊
  •  
  • နောက်တလှမ်းဆုတ်ပြီး ဗိုလ်မောင်အေးကို အလျှော့ပေးလိုက်ရပေမယ့် ကျေတော့
  •  
  • ဘယ်ကျေနပ်ပါမလဲ။ ဒါပေမယ့်လည်း ဒင်းက ဉာဏ်သမားဆိုတော့ ဘာမှ မဖြစ်သလို
  •  
  • ဟီးဟီးဟဲဟဲပဲ နေပစ်လိုက်တာပေါ့။ ဒုချုပ် မောင်အေးလည်း သူတောင် ဘာမှမဖြစ်သေးရင်
  •  
  • ငါလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ဂိုက်ဖမ်းပြီး ဇနီးမယား၊ သမီးနဲ့ သားမက်၊ တပည့်ကျော်
  •  
  • အောင်ကိုဝင်းတို့ စုံတွဲကိုပါခေါ်ပြီး ခရီးတော် ထွက်ပြလိုက်ရသေးတယ်။
  •  
  •  
  •  
  • စစ်တပ်ဆိုတာက ထောင်လိုပဲလေ၊ တယောက်အရည်အသွေး တယောက် အကဲခတ် ဆုံးဖြတ်ရင်
  •  
  • ဘယ်လောက်မိုက်ခဲ့သလဲ၊ လူဘယ်လောက် သတ်ခဲ့သလဲဆိုတဲ့ မိုက်ဂုဏ်နဲ့သာ
  •  
  • တိုင်းတာကြတာမဟုတ်လား။ ဗိုလ်ချုပ်မှူးကြီးက ဆင်ကြံသာ ကြံတတ်တာ တိုက်ပွဲမှာ
  •  
  • သတ္တိပြဖူးတယ်ဆိုတဲ့ သမိုင်းမရှိတော့ တချို့တိုင်းမှူး၊ တပ်မမှူးတွေက အထင်မကြီးဘူးပေါ့။
  •  
  • ဒုချုပ် မောင်အေးကတော့ အရက်သာ သောက်တတ်တာ၊ ဒါပေမယ့်  မိုက်ဂုဏ်ရှိတယ်ဆိုပြီး
  •  
  • ဒုချုပ် မောင်အေးဘက်က မားမားရပ်ကြတယ်လို့လည်း တချို့က ဆိုကြတယ်။
  •  
  •  
  • စီးပွားရေးနဲ့ ပတ်သက်ရင်တော့ ဒုချုပ် မောင်အေး မိသားစုက ဗိုလ်ချုပ်မှူးကြီး မိသားစုထက်
  •  
  • လည်ပုံရတယ်။ သမီး နန္ဒာအေးကလည်း နာမည်မထွက်အောင် နေတတ်သလို တပည့်ကျော်
  •  
  • အောင်ကိုဝင်းကလည်း လိမ္မာတော့ ဆရာ အာပတ်လွတ်တာပေါ့။ သားသမီးတွေကို
  •  
  • စီးပွားရေးလုပ်ခိုင်းတဲ့ နိုင်ငံတော်ခိုးသား သူရ ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ထက်
  •  
  • ဒုချုပ် မောင်အေးက ပိုလည်တယ်လို့ ဆိုရမှာပေါ့။
  •  
  • တိုင်းမှူးဘ၀မှာ ဘယ်သူမှ မတို့မထိရသေးတဲ့ မိုင်းရှူးဆိုတဲ့ ပတ္တမြား၊ နီလာ ထွက်ရာ ရတနာမြေကို
  •  
  • မထင်မှတ်ဘဲ ဖင်ခုထိုင်လိုက်ရတော့ “တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်”
  •  
  • ဆိုသလိုပဲပေါ့။ ကျောက်တွင်း တာဝန်ခံကိုလည်း လူရင်းလည်းဖြစ် စိတ်လည်းချရတဲ့ တောင်ကြီး
  •  
  • ရှမ်းရိုးမကုန်တိုက် အ၀ယ်တော်၊ ကျောင်းဆရာလူထွက် အောင်ကိုဝင်းကို ခန့်လိုက်တယ်။
  •  
  • အဲဒီမှာ ဇတ်လမ်းက စပါတော့တယ်။ အောင်ကိုဝင်း (ခ) ဆရာကျောင်း လည်း ချမ်းသာလာသလို
  •  
  • ဒုချုပ် မောင်အေးလည်း ကျွဲကူးရေပါ ချမ်းသာလာတယ်လို့ နီးစပ်သူတွေက ဆိုတယ်။


  • ၁၉၉၂ ခုနှစ်မှာ ဗိုလ်သန်းရွှေက ဗိုလ်ချုပ်ကြီး စောမောင်ကို ဖြုတ်ချပြီး ကာကွယ်ရေးဦးစီးချုပ်
  •  
  • ဖြစ်လာချိန်မှာတော့ ဒုချုပ် မောင်အေးက ဒု ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပါတော့တယ်။
  •  
  • အဲဒီနောက်ပိုင်းတော့ ထွင်ထားတဲ့ ဒု ဗိုလ်ချုပ်မှူးကြီး ရာထူးကို ရရှိခဲ့ပြီး အာဏာ ပိုရလာခဲ့တယ်။
  •  
  • Trade Council လို့ခေါ်တဲ့ ကုန်သွယ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လိုက်ရတော့
  •  
  • စီးပွားရေးသမားတွေ အပေါ်မှာလည်း ပိုအာဏာရှိလာတယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာတော့
  •  
  • တခြားဗိုလ်ချုပ်တွေလိုပဲ မွေးထားတဲ့ တပည့်တွေအပေါ်မှာ ပြန်ကြည့်လာတယ်။
  •  
  • နာမည်ကသာ မောင်အေး ဆိုပေမယ့် လူကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ လျင်ပြီးသားပါ။
  •  
  • စုဆောင်းပြီးသား ပိုင်ဆိုင်မှုတွေကို တိုးပွားလာအောင် တပည့်ကျော် အောင်ကိုဝင်းကို
  •  
  • ကမ္ဘောဇဘဏ်ကို ဖွင့်စေပြီး  ငွေမည်းကို ငွေဖြူလုပ်စေခဲ့တယ်။
  •  
  • ခွင်ချပြီး စီးပွားရေးလုပ်တဲ့ နေရာမှာတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာလုပ်တတ်သလို
  •  
  • တခြား ဗိုလ်ချုပ်တွေလို နာမည်ပျက် မရှိအောင်လည်း လုပ်နိုင်ခဲ့တယ်။ MAI လို့ လူသိများတဲ့
  •  
  • နိုင်ငံပိုင်လေကြောင်းလိုင်းကို တဘက်လှည့်နဲ့ အောင်ကိုဝင်းကို ၀ယ်စေခဲ့တယ်။
  •  
  • ဒုချုပ် မောင်အေးနဲ့ တပည့်ကျော် အောင်ကိုဝင်းတို့ ဆရာတပည့်နှစ်ယောက် ဆက်ဆံရေးက
  •  
  • ဘယ်လောက်အထိ ရင်းနှီးမှု ဖြစ်လာသလဲဆိုတော့ ဗိုလ်မောင်အေးရဲ့ မွေးစားသမီး နန္ဒာအေးနဲ့ 
  •  
  • အောင်ကိုဝင်းရဲ့တူ၊ သားကြီး ခေါ် ဇော်ဝင်းနိုင်နဲ့ ပေးစားဖို့အထိ ကတိ က၀တ်ထားခဲ့ကြတယ်။
  •  
  • ဒါပေမယ့် ဇော်ဝင်းနိုင်က ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်ရဲ့သမီးကို သုတ်ပြေးပြီး အောင်ကိုဝင်း မျက်နှာကို
  •  
  • အိုးမည်းသုတ်လိုက်တဲ့ အခါမှာတော့ ဒုချုပ် မောင်အေးနဲ့ အောင်ကိုဝင်းတို့ ဆက်ဆံရေး
  •  
  • ခပ်တန်းတန်း ဖြစ်သွားကြပေမယ့် နန္ဒာအေး စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းရဲ့သား
  •  
  • ဗိုလ်မှူး ပြည်အောင်နဲ့ ယူပြီး နောက်ပိုင်းမှာ အရင်လို အ၀င်အထွက်လုပ် ပြန်ဆက်ဆံခဲ့တာလို့
  •  
  • အတွင်းသိတွေက ဆိုတယ်။

  • ဒါ့အပြင် သမီးဖြစ်တဲ့ နန္ဒာအေးကလည်း အဖေဖြစ်တဲ့ ဒုချုပ် မောင်အေး အရှိန်နဲ့ ယူနိုက်တက်
  •  
  • အမရာဆိုတဲ့ နာမည်နဲ့ ဘဏ်ထောင်ခွင့်တို့၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ သယ်ခွင့်တို့၊ ဟိုတယ်လုပ်ငန်းတွေကို
  •  
  • ယောက်ျားရဲ့ အစ်ကိုဖြစ်တဲ့ IGE ကုမ္ပဏီပိုင်ရှင် ကိုနေအောင် လုပ်ခွင့်ရအောင် လုပ်ပေးခဲ့တယ်။
  •  
  • ဒီလိုမျိုး မတောင့်မတ မကြောင့်မကြ ဖြစ်လာချိန်မှတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တယောက်
  •  
  • နေပြည်တော် ရွှေတိဂုံ ပုံတူစေတီကြီးကို လှမ်းမြင်ရတဲ့ နေရာမှာ ဧက ၁၀၀၀ လောက် ကျယ်တဲ့
  •  
  • ခြံကြီးတည်ပြီး အ၀ါရည်လေးနဲ့ နှပ်ဖို့ကြံနေပါပြီ။ ခြံထဲမှာတော့ နိုင်ငံခြားက အိမ်ပုံစံထုတ်သူတွေဆီမှာ
  •  
  • ကိုနေအောင်ကို အပ်ခိုင်းပြီးတော့ အိပ်ခန်းအပါအ၀င် အခန်း ၁၀ ခန်းလောက်ပါတဲ့ အိမ်ကြီးကို
  •  
  • ဦးတေဇရဲ့ ထူးကုမ္ပဏီကို တာဝန်ယူ တည်ဆောက်စေခဲ့ပါတယ်။ လိုတရလို့ ဆိုနိုင်လောက်တဲ့
  •  
  • ငါးမွေးကန်တွေ၊ နွားခြံတွေ၊ စပါးခင်းတွေ၊ သီးနှံမျိုးစုံ စိုက်ခင်းတွေပါတဲ့ ခြံကြီးထဲမှာ ဒီဘဝ
  •  
  • ဘယ်တော့မှ နံပါတ် ၁ မဖြစ်ရတော့မယ့် အတူတူ ပေးတာယူ ကျွေးတာစားပြီး နာမည်နဲ့လိုက်အောင်
  •  
  • အေးအေးလူလူနဲ့ အရိုးထုတ်တော့မှာတော့ သေချာသလောက် ဖြစ်နေပါပြီ။


Thursday, May 19, 2016

သိလိုပါတယ်ရှင်.....သိတဲ့သူများ ပြောပြပါ







ဒီကောင်မလေးအကြောင်းရေးချင်လို.ပါ ။ ဖေ့ဘွတ်မှာ ပန်ဆယ်လို အမည်နဲ. စာတွေ ဘာတွေ ရေးနေပါတယ် ။ သူ.နေတဲ့ လိပ်စာနဲ. သူ.မအကြောင်း သိတဲ့သူများရှိရင် ၀င်မန်.ပေးကြပါ ...ခီခီ

davidayeayewin07@gmail.com မစုဆီ ဆက်သွယ်ပေးပို.နိုင်ကြပါတယ်ရှင်...ခ်ခ်

နေပြည်တော်ရှိ သူခိုးကြီးများ အကြောင်း အပိုင်း (၁) ........





  • ဗိုလ်ချုပ်မှူးကြီး ( ငြိမ်း)  သန်းရွှေ  
  • ( Senior General Than Shwe )




    ဦးသန်းရွှေ ရဲ. အင်းတိတ် ( Intake )နာမည်မှာ ခွေးဘီးလူးဖြစ်ပြီး 
  • Army Officer Training School 
  • OTS အပတ်စဉ် (၉) ကျောင်းဆင်းပါ ။


  • ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းက နိုင်ငံတော် အစည်း အဝေးတွေမှာ သူများထက်မြင့်တဲ့
  • ထိုင်ခုံနဲ့ ထိုင်လေ့ရှိပါတယ်။ လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
  • လက်ထက်မှာတော့ မိသားစုဝင် တွေပါ သူများထက် ခေါင်းတလုံး ပိုမြင့်ချင်ကြတယ်။
  • နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ ကြတယ်၊၊ ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ
  • ဘယ်လောက်အထိ ချမ်းသာ ကြွယ်ဝတယ်ဆိုတာ မသိနိုင် လောက်အောင်ပါပဲ။
  •  
  • လေ့လာ သုံးသပ်သူတွေ အဆိုအရ နိုင်ငံတော် ဘဏ္ဍာငွေ ရှင်းတမ်းမှာ တဒေါ်လာ ၆ ကျပ်နဲ့
  • စာရင်းပြထားလို့ ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့  ဂက်စ်ရောင်းရ ငွေတွေဟာ စင်ကာပူ ဘဏ်တွေမှာ
  • စာရင်းဖွင့် အပ်ထားကြောင်း သိရတယ်။ အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့ ဒု ဗိုလ်ချုပ်ကြီး တင်အေးက
  • တာဝန်ယူရတယ်။ တရုတ်ပြည် ပီကင်းနဲ့ ရှန်ဟိုင်းမှာလည်း အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။
  •  
  • ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။
  • ကာကွယ်ရေး ၀န်ကြီးဋ္ဌာန အသိုင်းအ၀ိုင်းတွေ အဆိုအရ ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့
  • သမီးတွေ မကြာခဏ တိုင်းခန်းလှည့်လည် သလိုမျိုး ခရီးထွက် တတ်တယ်၊ 
  • သူတို့ ရောက်လာရင်လည်း
  • ရောက်ရာ အရပ်က တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊ ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊
  • စူပါ မားကက်တွေကို ရောက်ရင်လည်း လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ လက်ဝတ်ရတနာ
  • တွေကိုလည်း တိုင်းမှူး တပ်မမှူး ကတော် တွေက ဗန်းနဲ့ ယူပြရတယ်။
  • သူတို့က ကြိုက်တာရွေးပြီး တခါယူရင် အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက် ယူတယ်။
  • အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက နောက်ကနေ လိုက်ရှင်းပေးရတယ်။ ဒီမိသားစု
  • စိန်ကြိုက်တတ်ပုံကိုတော့ ၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် ကြည့်လိုက်ရတဲ့
  • သမီးတော် သန္တာရွှေ ရဲ့ မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ အမြည်းအစမ်း
  • သဘောတွေ့လိုက်ကြရပါတယ်။
  •  
  • ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့
  • လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေ
  • အားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။
  • လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။
  • လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။
  • လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့
  • ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့်ယူတဲ့
  • သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး
  • ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။
  • ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့
  • လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေ
  • အားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။
  • လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။
  • လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။
  • လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့
  • ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့်ယူတဲ့
  • သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး
  • ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။
  •  
  • နေပြည်တော်နဲ့ မေမြို့မှာလည်း အကောင်းဆုံး အိမ်တွေ ခြံတွေကို ပိုင်ဆိုင်ထားလို့
  • အားမရဘူး။ ရန်ကုန်မြို့က အင်းလျားကန် အနီးတ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ
  • ဆိုတဲ့ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်မြေတွေကိုလည်း ယူထားပြီးပြီလို့ သိရတယ်။
  • ရန်ကုန် ပြည် လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ်
  • ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄)
  • တပ်နေရာတွေကိုလည်း အခု ဖယ်ရှားခိုင်းပြီး သူတို့မိသားစု ယူထားတယ်လို့ သိရတယ်။
  •  
  • အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင်
  • မိသားစုအမွေမှု ဖြစ်နေတဲ့အိမ်(မြို့နယ် ငြိမ်ဝပ် ပိပြား ရေး ရုံးဟောင်း) ကို ရဟတ်ယာဉ်
  • ပျက်ကျလို့ ကွယ်လွန်ရသူ ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို ပေးပေမယ့်
  • မယူတဲ့ အတွက် ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက နာမည်ခံပေး ထားရတယ်။
  • စီးပွားရေး အသိုင်းအ၀န်းမှာတော့ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု စီးပွားရေး
  • လုပ်ငန်းတွေကို ဦးဆောင်လုပ်ပေးနေရတဲ့ ကိုယ်စားလှယ်လို့ ပြောနေကြတယ်။
  • ပုဂ္ဂလိက ဆေးရုံလုပ်ဖို့  ဦးတေဇ ၀ယ်ယူလိုက်တဲ့ အင်းလျားကန်ထိပ်က
  • ကန်သာယာဆေးရုံမှာလည်း သမီးတွေရှယ်ယာ ငွေ ပါတယ်၊ ငွေဆောင်ကမ်းခြေနဲ့
  • ချောင်းသာက ဦးတေဇပိုင် ဟိုတယ်တွေမှာလည်း ရှယ်ယာထည့်ထားတယ်လို့ သိရတယ်။
  •  
  • ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး သောင်းကျန်းတာကတော့ နောက်ဆုံး
  • ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။ တရားဝင် ကုမ္ပဏီထောင်ပြီးတော့
  • စီးပွားရေး လုပ်တာမဟုတ်ဘဲ အဘိုး အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန် မျက်နှာပြပြီး
  • ပွဲစားစီးပွားရေးမျိုး လုပ်နေတာပါ။


    သူ့လုပ်နည်းလုပ်ဟန်က တချို့ကုမ္ပဏီတွေ တရားမ၀င် ပစ္စည်းတွေသွင်းလာရင်
  • အကောက်ခွန်ဌာနက အစစ်အဆေးမခံရ အောင် တရားဝင် အခွန်မဆောင်ရအောင်
  • ဆိပ်ကမ်းမှာရှင်းပေးတယ်။ ၀န်ဆောင်မှု အနေနဲ့ကတော့ ပစ္စည်းအမျိုးအစားပေါ်
  • မူတည် ပြီး ပိုက်ဆံယူတယ်။ ဒါ့အပြင် ရန်ကုန်မြို့က မြေနေရာတွေမှာ အလုပ်လုပ်လိုတဲ့
  • လုပ်ငန်းရှင်တွေကို ၀န်ကြီးတွေ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း လုပ်တယ်။
  •  
  • အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့ မနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းသံရုံးဘေးက
  • ဖျာပုံမမြနွယ်ခြံလို့ လူသိများတဲ့ မြေကွက်ကြီး ကို ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့
  • နိုင်ဂရု(Naing Group)က ကုလားသူဌေးတွေ ၀ယ်ယူရာမှာ မြို့တော် စည်ပင်က
  • အတည်မပြုပေးတဲ့ အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ် သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန်
  • ဦးအောင်သိန်းလင်းကို နားချပေးခိုင်း တာပါ။
  •  
  • ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေကိုမှ
  • ဗိုလ်မထားပါဘူး။ နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့ အတွင်းရေးမှူး(၁)သီဟသူရ
  • တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်ကြီး ဟောင်း တေဇာစောဦး လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ
  • ဆိုင်ကို နောက်လိုက်တွေ စေလွှတ်ပြီး ဖျက်ဆီးပြခဲ့သလို သူပွဲစားလုပ်နေတဲ့ ပြည်သူ့ ဥယျာဉ်ထဲက
  • မြေကွက်နဲ့ ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်)
  • ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က ၀င်လာလို့
  • နောက်လိုက်တွေကို ရိုက်နှက်ဖို့ ခိုင်းစေခဲ့ဖူးပါတယ်။
  • အနိုင်ကျင့်တဲ့နေရာမှာတော့ အဘိုးခြေရာမီပါတယ်။ ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း
  • Facebookမှာ ရေးမိတဲ့ အမေရိကားနေ သူငယ်ချင်းတယောက်ကို မြန်မာပြည် ပြန်အလာ
  • ရဲနဲ့ ဖမ်းခိုင်းပြီး ဒုက္ခပေးခဲ့တာကြောင့် မိဘများ အခက် ကြုံခဲ့ရတယ်။
  • ၂၀၀၉ ခုနှစ် တုန်းကလည်း စင်ကာပူမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက်
  • အလားတူမကောင်းကြောင်း ရေးမိတဲ့ အတွက် ရန်ကုန်မြို့က အဲ့ဒီ သူငယ်ချင်းမိဘတွေရဲ့
  • အိမ်ကို ခဲနဲ့ထု၊ လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချတောင်းပန်ခိုင်းတဲ့အတွက် မိဘတွေမှာ
  • သား ဇော ကြောင့် ရှက်ရှက်နဲ့ပဲ ဦးချတောင်းပန်ခဲ့ရတယ်။
  •  
  • ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်
  • ရုံး ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ
  • ဗိုလ်ကြီးတဦး က ဖိုးလပြည့်ကားရှေ့မှာ ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး
  • ဆုံးမသြ၀ါဒ ပေးခဲ့တာကို အဲဒီဗိုလ်ကြီး က သတိအနေအထားနဲ့ နာယူရတယ်လို့လည်း
  • သိရပါတယ်။
  • အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား ပြည်တွင်းခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့ အပေါင်းအပါ
  • အုပ်စုရောက်လာခဲ့လို့ အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ အတန်းမှာ နေရာယူထားတဲ့
  • ဦးရွှေမန်းရဲ့သား အောင်သက်မန်း က အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို ပြောင်းပေး လိုက်ရတယ်။
  •  
  • ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့ မတရားမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားပါဘူး။
  • အရည်အချင်း ပြည့်ဝ၏ မပြည့်ဝ၏ နောက်ထား။ အာဏာရှင်ကြီး ဦးနေ၀င်း
  • လက်ထက်ကတောင် မလုပ်ခဲ့တဲ့ စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ
  • သမီးတွေကို အကြီးတန်း သံတမန် ရာထူးတွေ ခန့်ထားခဲ့တယ်။ သမီးတွေကတော့
  • သံတမန်အလုပ်ထက် သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို အချိန်
  • မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ လုပ်တယ်။ သားတွေဖြစ်တဲ့ ထွန်းနိုင်ရွှေ၊
  • ကြိုင်ဆန်းရွှေ တို့ကတော့ နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့
  • မြန်မာပြည်အနှံ့ လက်ညှိုးထိုး မလွဲအောင် မှိုလိုပေါက်နေတဲ့ လောင်စာဆီ
  • ဆိုင်တွေကို ပိုင်ကြတယ်။ နာမည်ကြီး ဂျေဒိုးနတ်ဆိုလည်း ထွန်းနိုင်ရွှေ ပိုင်တာပဲ။
  • ကျောက်မျက်ကုမ္ပဏီ မြန်မာ ဗွီအီးအက်စ် ဆိုလည်း ကိုမိုးနီဆိုတဲ့ စီးပွားရေးသမား
  • တယောက်နဲ့ တွဲလုပ်တယ်။ ပဲခူးမှာလည်း သစ်အချောထည် စက်ရုံထောင်ထားသေးတယ်။


  • ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို ချယ်လှယ်ပိုင်ခွင့်၊
  • ထင်ရာဆိုင်းပိုင်ခွင့်ရှိနေတာဟာ ရှေးဘ၀ ကုသိုလ် ကြောင့် ဒီဘ၀မှာ အကျိုးပေးတာလို့
  • နှစ်နှစ်ကာကာ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ရှေးကုသိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး
  • ယူနီဖောင်း ချွတ်မချွတ်နဲ့ သက်ဆိုင်နေကြောင်း သူတို့ ကောင်းကောင်းကြီး
  • သဘောပေါက်နေကြတယ်။
  •  
  • ဗိုလ်ချုပ်မှူးကြီး အသက်အရွယ် ထောက်လာလို့ နားချင်တယ်ဆိုတာတောင်
  • ဒေါ်ကြိုင်ကြိုင်က နားခွင့်မပေးဘူးလို့ သိရပါတယ်။
  •  
  • လက်ရှိ စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးဟာ နောက်တက်လာမယ့် စစ်ခေါင်းဆောင်တွေကို
  • စိတ်မချသလို အာဏာရှင် ဦးနေ၀င်းလို ကျ ဆုံးခန်းရောက်မှာမျိုးကို စိုးရိမ်တဲ့အတွက်
  • ဦးတင်အေးကိုလည်း လက်ရှိ စစ်တပ် ခေါင်းဆောင်
  • ငယ်တွေကို စိတ်ချလက်ချ လွှတ်မထားဖို့ ပြောဆိုကြောင်း သိရပါတယ်။
  • ဒါကြောင့် လက်ရှိ စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်ဟာ နာမည်သာရှိပြီး
  • တပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကတော့ မရှိသေးပါဘူး။ 
  •  
  • မိသားစု အနာဂတ် လုံခြုံရေး စိတ်ချရအောင် ဗိုလ်ချုပ်မှူးကြီး စီမံထားပြီးပါပြီ။
  • ဒီပဲယင်း အရေးအခင်းမှာ နာမည်ကြီးခဲ့ပြီး မကြာခင်က အငြိမ်းစားယူသွားတဲ့
  • ဗိုလ်မှူးကြီး သန်းဟန်ကို Eagle Security ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီဖွဲ့စေပြီး
  • မိသားစုလုံခြုံရေးကို လက်ရှိ စောင့်ရှောက် ခိုင်းထားတယ်လို့ သိရပါတယ်။