Friday, August 21, 2015

ချစ်သူမရှိသေးတဲ့ လူပြို ကြီးများအတွက် .....( လူပျိုပါ ဆောရီးနော် ခီခီ )

နှစ်နေ. နှစ်၌ မစုနေထိုင်ရာဖြစ်သော  အမှတ် ( ၇၄၃) ၊ ဗိုလ်တေဇလမ်း ၊ 

၁၀မိုင်သို. ည ၁၂ ကျော် သန်းခေါင်ယံအချိန်တွင် အိမ်ရှေ.တည့်တည့်သို.

ကားတစ်စီး မီးကြီးထိုးကာ ကျယ်လောင်စွာ ဟွန်းတီးနေပြီး လမ်းကိုလဲ

ကန်.လန်.ရပ်ထားလေသည် ။

ဆူညံသောအသံများကြောင့် မစုတို.အိမ်မှ လူများသည် နိုးထလာပြီး အိမ်ရှေ.

ခြံအပြင်သို. ထွက်ကြည့်ရလေသည် ။ ထိုကားတွင် အမျိုးသားတစ်ယောက်ထဲ

သာ မောင်းလာတာဖြစ်ပြီး ပါးစပ်မှလဲ ( မစု ... မစုရေ ... မစု )ဆိုပြီး တစ်စုထဲ

စုနေတော့လေသည် ။ ပြီးနောက် မစုရေ ... မစုကိုတွေ.ချင်လို. ထွက်တွေ.

ပါနော် ။ မစုကို ချစ်တယ်ဗျာ ...ဆိုပြီး မူးမူးရူးရူးနဲ. အော်ဟစ်နေတော့လေသည် ။

ထိုအခါ မစုလဲ မနေသာတော့ဘဲ ခြံအပြင်သို. ထွက်တွေ.ရလေသည် ။ ပြီးနောက်

မစုမှ ... ကဲပြော ဘာကိစ္စလဲ မစု အစောကြီးကတည်းက ရဲစခန်းကို ဖုန်းဆက်ပြီး

လာဖမ်းခိုင်းလို. ရပါတယ် ။ ဒါပေမဲ့ ရှင်ဘာကြောင့် မစုကို သိပ့်တွေချင်နေရသလဲ

ဆိုတာ သိချင်လို. အခုလို မစု ကိုယ်တိုင်ဆင်းလာပြီး လာမေးတာပါ ။ ပြောစမ်းပါ

ဘာကိစ္စလဲဆိုပြီး ခပ်တည်တည်နဲ. ငေါက်ပြီး မေးလိုက်တော့ ထိုသူမှာ 

အာလေးလျှာလေးအသံနဲ. မစုကို facebook မှာ စွဲလန်းခဲ့ရတဲ့ သူတစ်ယောက်ပါ ။

ဒါကြောင့် မစုကို အပြင်မှာ တွေ.ချင်တာရယ် ၊ပြီးတော့ ယတြာလေးလဲ လိုချင်တာကြောင့်

အခုလို သူငယ်ချင်းတွေနဲ. သောက်စားပြီး အရက်မူးနေမှ ကျွန်တော်လဲ အားတင်းပြီး

လာခဲ့ရတာပါဗျာ ... ၀န်ခံပါရစေ ခုနက ကျွန်တော် အရက်အားကိုးနဲ. ကြောက်ကြောက်နဲ.

အော်သာ အော်နေရတာ ရပ်ကွက်ထဲကကောင်တွေ ၀ိုင်းရိုက်ကြမလား ၊ ရဲတွေကများ

လာဖမ်းမလား ၊ မစုတို.အိမ်ထဲကလူတွေကပဲ လာရိုက်ကြမလား ဆိုပြီး ကြောက်ပေမဲ့

မစုကို တွေ.ချင်အားကြီးလို. အခုလို အရဲစွန်.ပြီး လုပ်လိုက်ရတာပါဗျာ ... ကျွန်တော်

မိကောင်းဖခင် သားသမီးပါ ။ ဒါပေမဲ့ ခုနကလို ဟော့ဟော့ရမ်းရမ်းလေး လုပ်မိခဲ့တာကို

တောင်းပန်ပါတယ်ဗျာဆိုပြီး မနားတမ်းတောက်လျှောက် ပြောလေသည် ။ မစုလဲ ထိုသူ.

မျက်နှာလေးအား သေသေချာချာလေး စိုက်ကြည့်လိုက်တော့ အသက် ၂၀ ကျော်လေးလေး

ခပ်ချောချော အသားဖြူဖြူလေးနဲ. ကောင်လေးတစ်ယောက်ဖြစ်နေသလို သူ.မျက်နှာမှာလဲ

ချွေးသီးချွေးပေါက်များ ထွက်နေတာကို ကြည့်လိုက်ခြင်းအားဖြင့် ကောင်လေးပြောခဲ့သလို

ကြောက်ကြောက်နဲ. မစုကို တွေ.ချင်လွန်လို. အရဲစွန်.ပြီး လာတွေ.တယ်ဆိုတာကို မစု

ယုံမိပါတယ် ။ ဒါကြောင့် ဘဲချေျာေချာ ကောင်လေးအား လာ... လာ ဒါဆိုရင် အိမ်ထဲကို

ဝင်ပြီး စကားပြောကြတာပေါ့ ။ ကားကိုခြံထဲ မောင်းဝင်လာခဲ့ဆိုပြီး ပြောလိုက်တော့

ထိုကောင်လေးမှာ ၀မ်းသာအားရနဲ. မစု ... မစု တကယ်ပြောတာလား ကျွန်တော်တော့

အိမ်မက် မက်နေတာ မဟုတ်ပါဘူးနော်ဆိုပြီး လက်နှစ်ဖက်အား ဘယ်ညာ လှူပ်ရမ်းပြီး

ကွေးနေအောင် ကတော့လေသည် ။

အိမ်ထဲရောက်လာတဲ့ ကောင်လေးအား အမူးပြေစေရန်၊ အမောပြေစေရန် အိမ်ရှင်ပီသစွာ

ဖြင့် မစု သံပုရည်အေးအေးလေး တစ်ခွက်တိုက်ခဲ့ပါတယ် ။ ပြီးနောက် ကောင်လေးအား

ကဲ... ဘာယတြာလိုချင်တာလဲ ပြောပါ လို.မေးလိုက်တော့ ထိုကောင်လေးမှာ အောင်ကျော်မိုး

လို.ခေါ်ပြီး ခင်မင်သူများက ဖိုးကျော်လို. ခေါ်ကြောင်း ၊ အသက်မှာ ၂၂ ဖြစ်ပြီး အလုံမြို.နယ်မှာ

နေကြောင်း သူ.ကိုယ်သူ မိတ်ဆက်ပေးပြီး အွန်လိုင်းပေါ်မှာ အင်္ဂလန်မှာ ကျောင်းသွားတက်

နေတဲ့ ကောင်မလေးတစ်ယောက်နဲ. တွေ.ကြပြီး ချစ်ကြိုက်ခဲ့ကြောင်း ဒါပေမဲ့ ကောင်မလေးက

သူရှိတဲ့ အင်္ဂလန်ကို လာဖို.ပြောနေသလို ၊ ကျွန်တော်ကလဲ မြန်မာပြည်ပြန်လာပြီး အပြင်မှာ

တွေ.ကြဖို. ပြောကြတိုင်း ရန်ဖြစ်တတ်ကြောင်း နောက်ပြီး ထိုကောင်မလေးအား အရမ်းချစ်ပြီး

စွဲလန်းမိကြောင်း သူ.အချစ်ကို ရဖို. ကျွန်တော် ဆန္ဒအတိုင်း မြန်မာပြည်ပြန်လာပြီး ဒီမှာပဲ

ဆက်နေဖို. အဲဒါလုပ်ပေးဖို.ယတြာ လာတောင်းတာပါဆိုတော့ မစုလဲ ...သြော် ကောင်လေး

အဖြစ်က သနားစရာလေးပါလားနော် ။

ကဲ..... ညလဲဖြစ် မောင်လေး နောက်နေ.မှာ ထပ်လာခဲ့ မစု ယတြာလေး ပေးပါ့မယ်ပြောတော့

ဟာ မစုကလဲ နောက်နေ. မလုပ်ပါနဲ. နောက်နေ.ထပ်လာဖို. ကျွန်တော် အရက်တွေ ထပ်

သောက်ပြီး ၇ဲဆေးတင်နေရအုံးမယ် ။ အရက်ကို အမြဲသောက်တတ်သူ မဟုတ်လို. ကျွန်တော့်

ကို ဒီနေ.ပဲ လုပ်နည်းလေး ပြောပြပါနော်ဆိုပြီး ပူဆာပူဆာ လုပ်လာတော့ ကဲ... ရော့ စာရွက်

နဲ. ဘောပင် လိုက်ရေးပေးတော့ ဆိုပြီး မစုလဲ ယတြာလေးအား ပေးလိုက်ရလေသည် ။

ထိုယတြာလေးအား ရပြီးတဲ့ ပေ်ျာရွှင်နေတဲ့ ကောင်လေးအား မစုမှာ အရမ်းသိချင်တဲ့

မေးခွန်းလေးအား မေးလိုက်ပါတယ် ။ ကောင်လေး ဖိုးကျော် မစု မေးခွန်းတစ်ခုလောက် 

မေးချင်တယ် ရမလားဆိုတော့ ဟာ... မစု မေးပါ ကြိုက်သလောက် မေး ရတယ် မေးခွန်း

တစ်ခု မဟုတ်ဘူး အခုတစ်ရာ မေးလဲရပါတယ်ဆိုပြီး ပြောတော့ မစုမှ အပြင်မှာ နာမည်ကြီး

ဗေဒင်ဆရာတွေ အများကြီး ရှိတာကို ဘာဖြစ်လို. မစုကိုမှ လာမေးပြီး ယတြာလာတောင်း

နေရတာလဲ မစုက ဗေဒင်ဟောစားတဲ့သူ မဟုတ်သလို ဗေဒင်ဆရာမ စစ်စစ်လဲ မဟုတ်ဘူးနော်

ဆိုတော့ ကောင်လေးမှာ ရီကျဲကျဲနဲ. ဟုတ်... မစု ပြောသလိုပဲ အပြင်မှာ ၊ ဘုရားတွေပေါ်မှာ ၊

လမ်းတွေပေါ်မှာ ဗေဒင်ဆရာ ၊ ဆရာမတွေ အများကြီးရှိတာ ကျွန်တော်သိပါတယ် ၊ မစုလဲ 

ဗေဒင် ဟောတာ မှန်တာမဟုတ်ဘူး ၊ တကယ်တတ်တာ မဟုတ်မှန်းလဲ ကျွန်တော်သိပါတယ် ၊

ဘာဖြစ်လို. မစုဆီကို လာမေးရသလဲဆို ...... စကားကို ရပ်လိုက်ပြီး ဆေးလိပ်ထုတ်သောက်

နေတော့ မစုမှ စိတ်မရှည်စွာ ဟဲ့..... ဖိုးကျော် ပြောလေ ဘာဖြစ်လို.လဲဆိုပြီး မေးလိုက်မှ ကျွန်တော်

ခုနက ပြောတဲ့ ကောင်မလေးမှာ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကပဲ အင်္ဂလန်မှာ ကားချင်းတိုက်ကြပြီး

ကွယ်လွန်သွားပါပြီး ။ ဒါပေမဲ့ တစ်နေ.မှာ facebook မှာ ကောင်မလေး တစ်ယောက်ကို အမှတ်မထင်

သွားတွေ.ပြီး အဲဒီကောင်မလေးကို ကျွန်တော် နှစ်နှစ်ကာကာလေးနဲ. ချစ်မိသွားပါတယ် ။ ဒါကြောင့်

အဲဒီကောင်မလေး ပေးတဲ့ယတြာနဲ. အဲဒီကောင်မလေး ကျွန်တော့်ကို ပြန်ချစ်လာဖို. အခုလို

ယတြာလာတောင်းရတာပါပဲ ။ မစု ... မစုကို ကျွန်တော် တကယ်ချစ်တယ်ဗျာ ။

ငင့်.... ကြည့်စမ်း ကြည့်စမ်း လူကို အိမ်ပေါ်အထိ တက်လာပြီး ယတြာတောင်းသလိုလိုနဲ.

ရည်းစား စကားလာပြောတယ် ။ သွား... ထွက်သွားစမ်းလို. မစုလဲ ဒေါသကြောင့် ပြောလိုက်

လေသည် ။ထိုကောင်လေးကလဲ မစုရယ် မစု မမောင်းထုတ်လဲ အချိန်တန်ရင် ကျွန်တော်

အိမ်ပြန်မှာပါ ။ ဒါပေမဲ့ မစုကို တကယ်ချစ်တဲ့ ကောင်လေးတစ်ယောက် ဒီလောကကြီးထဲမှာ

ရှိနေတယ်ဆိုတာ မစုသိရင် ကျွန်တော် ကျေနပ်ပါပြီးဆိုပြီး ကောင်လေးက အကျင်္ီအိပ်ကတ်

ထဲမှ ဓါတ်ပုံလေးတစ်ပုံအား စားပွဲပေါ်တင်လိုက်ပြီး မစု ... ကျွန်တော် သွားတော့မယ်နော်

တာ့တာ ဆိုပြီး ထွက်သွားလေတော့သည် ။

ထိုဓါတ်ပုံလေးမှာ မစုပုံ ဖြစ်ပြီး ဓါတ်ပုံအနောက်ဖက်တွင် ( မစုကို ချစ်တယ်ဗျာ..... ) ဆိုပြီး

ရေးထားလေတော့သည် ။



မစု ဖိုးကျော်အား ပေးလိုက်တဲ့ ယတြာလေးပါ ။ ချစ်သူမရှိသေးသူများ ပြုလုပ်ရန်ဖြစ်ပါတယ် ( ယောက င်္ျားလေးများအတွက်ပါ ) ။ ပြုလုပ်ရမဲ့ ယတြာအကြောင်းအား သီးသန်. ရေးသားဖော်ပြ ပေးပါ့မယ် ။


ဖိုး ကျော် သိမ်းထားတဲ့ ဓါတ်ပုံရဲ. နောက်ဖက်မှာ မစုကို ချစ်တယ်ဗျာ.....ဆိုပြီး ရေးထားတဲ့ မစုပုံလေးအား                         ဖော်ပြလိုက်ပါတယ် ။

1 comment:

Anonymous said...

ဗေဒင် လာမေးအူးမှဘာာာာာာ :)

ဘဘ