Sunday, January 17, 2016

စစ်ခွေးများအား တိုက်တဲ့စိတ်နဲ. သေသည့်တိုင်အောင်.......အတွဲ (၁)

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ.မှာ မစုအိမ်ရှေ.ကို အသံပြဲကြီးနဲ.

မစုရေ ....မစု နင်အောင်တယ်ဟေ့ ဆိုပြီး ငယ်သူငယ်ချင်း တစ်ခန်းထဲ

စာသင်ဖက် ၀င်းကိုတို. အုပ်စုလာပြောကြလေသည် ။

မစုလဲ ၀င်းကိုအား  ... နင်ရော ဘယ်လိုလဲ အောင်တယ် မဟုတ်လား

ဆိုပြီး ပြန်မေးလိုက်တော့ ၀င်းကိုမှ အောင်ပါတယ် ဆိုပြီး လက်မထောင်ပြ

လေသည် ။

အချိန်တန်တော့ ၀င်းကို စစ်တက္ကသိုလ်တက်ဖြစ်လေသည် ။ မစုကတော့

အဝေးသင်တက္ကသိုလ် တက်ခဲ့ပါတယ် ။မေဂျာကတော့ ရူပဗေဒဖြစ်ပါတယ် ။

လေးနှစ်လေးမိုး စာတွေ. ၊ လက်တွေ.နဲ. ကျောင်းဆင်းလာပြီး ဒုဗိုလ်လေး

အရာရှိပေါက်စဖြစ်လာတဲ့ ၀င်းကို ခွင့်နဲ. မစုတို. နယ်မြို.လေးကို ပြန်ရောက်

လာတော့ မစုနဲ. ပြန်တွေ.ဖြစ်ကြပါတယ် ။ တွေ.တွေ.ချင်း တပ်မတော် ကြည်း၊

ရေ ၊ လေ တံဆိပ်တပ်ထားတဲ့ စစ်ဦးထုပ်လေးအား သူ.ခေါင်းပေါ်မှ ချွတ်လိုက်ပြီး

မစု ခေါင်းပေါ်သို. ပြောင်းဆောင်းပေးလိုက်ပြီး သတိကို မတ်နေအောင်ဆွဲပြီး

အလေးပြုကာ လေးစားပါတယ်ဆိုပြီး ပြုံးစိစိနဲ. လုပ်ပြတော့ မစုလဲ ယောင်တောင်

တောင်နဲ. ပြန်အလေးပြုကာ လုပ်ပြတော့ ၀င်းကိုမှ တဟား...ဟားနဲ. ရီပါတော့

လေသည် ။

မစုလဲ ၀င်းကိုအား ....ဟဲ့ကောင် ၀င်းကို နင်အသားတွေ မည်းသွားသလို

အခုလို စစ်အရာရှိဝတ်စုံနဲ. ဆိုတော့ အရမ်းခန်.ပြီး ယောကျင်္ားပိုပီသ

တယ်ဆိုတော့ ၀င်းကိုမှ ကောင်မစုတ် မစု နင်ဘာစားချင်သလဲ ပြောဆိုပြီး

ပြန်နောက်လေသည် ။

သုံးပွင့်နဲ. ဗိုလ်ကြီးဘ၀ရောက်စဉ်တွင် ၀င်းကို သည် ဆရာဝန် မစံပယ်ခိုင်

နဲ. လက်ထပ်ခဲ့လေသည် ။ သူတို. မင်္ဂလာဆောင်ပြီး သုံးရက်မြောက်တွင်

ရှေ.တန်းထွက်ရန် အမိန်.စာရောက်လာတော့ ရှေ.တန်းတစ်နေရာအတွက်

ဝင်းကိုသွားခဲ့လေသည် ။

တိုက်တိုက်ဆိုင်ဆိုင် ၀င်းကိုရဲ. ဇနီးမစံပယ် မွေးနေ.ဆိုတော့ မစုလဲ အားနေ

တာနဲ. ငယ်သူငယ်ချင်းဖြစ်သူ ဇနီးအား အဖော်အဖြစ် ဘုရားသွားကြ ၊ ညနေ

ရောက်တော့ သူငယ်ချင်းများနဲ. မွေးနေ.ကိတ်မုန်.ခွဲကြ စားကြ သောက်ကြနဲ.

ပျော်နေကြတုန်း စစ်သားတစ်ယောက်မှ သတင်းတစ်ခုလာပို.လေသည်။

ရှေ.တန်းတိုက်ပွဲတွင် ဗိုလ်ကြီးဝင်းကို ရန်သူ.လက်ချက်နဲ. ကျသွားကြောင်းပါ ။

ထိုသတင်းကို ကြားလိုက်ရတဲ့ မစံပယ်မှ ကြမ်းပြင်တွင် ငါးရံ.ဆားထိသွားသလို

လူးလှိမ့်ပြီး ငိုကြွေးလေသည် ။ သြော်.... မင်္ဂလာဆောင်ပြီး ၃ ရက်မြောက်မှာ

ရှေ.တန်းထွက်ရတယ် ။ ရှေ.တန်းရောက်ပြီး ၂ ရက်အကြာမှ သေခဲ့ရတယ် ။

အင်း ... ရဲဘော်မသေ ၊ သေသော်ငရဲမလားဆိုပေမဲ့ မာနယ်ပလောမှာ တိုက်နေ

ကြတာ မိမိတိုင်းရင်းသားအချင်းချင်း ၊ မြန်မာပြည်ဆိုတဲ့ မြေပုံမှာ မိမိနိုင်ငံသား

အချင်းချင်းတိုက်ကြတဲ့ စစ်ပွဲမှာ ပေးဆပ်လိုက်ရတဲ့ စစ်သည်အရာရှိတွေအတွက်

တော့ လွန်စွာနှမြောဖို. ကောင်းပါတယ်ရှင် ။

အခုတော့ မစု ငယ်သူငယ်ချင်း ၀င်းကိုအတွက် ခုနက ကြမ်းပြင်မှာ လူးလှိမ့်ပြီး

ငိုနေတဲ့ မစံပယ်အား တွေတွေကြီး စိုက်ကြည့်နေပြီး အပေါ်သွားနဲ. အောက်

နှူတ်ခမ်းအား ပြတ်လုမတတ် ကိုက်ထားပြီး ၊ အဆက်မပြတ်ကျနေတဲ့

မျက်ရည်နဲ.အတူ စိတ်ထဲတွင် အကြိမ်ကြိမ် ခေါ်နေမိပါတော့တယ် ။

((((( ၀င်းကို )))))

(((((((((( ၀င်းကို )))))))

(((((((((((((((((( ၀င်းကို )))))))))))))))))



ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်အား ခဏအလည်ရောက်လာခဲ့ဖူးတဲ့ ...

ကေအန်ယူဥက္ကဌကြီး ဖထီးမူတူးစေးဖိုး ( ဓါတ်ပုံ - ရဲမိုး ဖေ့ဘွတ်စာမျက်နှာမှ )


လွန်လေပြီးသော အတိတ်တစ်ခုက ဖြစ်ရပ်မှန်အား ပြန်လည်ရေးသားထားခြင်းပါ ။

မစု ငယ်သူငယ်ချင်း ၀င်းကိုအား အခုလို ငြိမ်းချမ်းရေးဆိုပြီး ခေါင်းဆောင်ကြီးတွေ

လုပ်ချလိုက်တော့ မြေကြီးထဲရောက်သွားပြီးဖြစ်တဲ့ ၀င်းကိုရေ မြင်လှည့်ပါတော့ .....


((((( အထက်က အမိန်.တဲ့ )))))

4 comments:

Anonymous said...

စနစ်တခုရဲ့ သားကောင်ဖြစ်သွားရရှာသူအတွက် စိတ်မကောင်းပါဘူး။

ဘဘ

David Ma Su said...

ဒါတောင် အခုထက်ထိ စစ်ခွေးတွေနဲ. စကားပြောရတာ အချိုး မပြေသေးဘူး ။

Anonymous said...

ဒါဆို စစ်လူတွေနဲ့ပဲ စကားပြောပါ သမီးတော်

ဘဘ

David Ma Su said...

ဝုတ်ကဲ့ပါ ...ဘဘ အဲလေ စစ်လူ.သတ္တ၀ါတွေနဲ. စကားပြောမှာလေ ... ခီခီ