Sunday, January 31, 2016

စစ်ခွေးများအား တိုက်တဲ့စိတ်နဲ. သေသည့်တိုင်အောင်.......အတွဲ ( ၂ )

((((( ဒေါက်တာ - မောင်မောင် ဘာလုပ်နေတာလဲ

ဒီမိုကရေစီ ပေးလိုက်ပါလား )))))

((((( သပိတ် သပိတ် မှောက်မှောက် )))))
((((( သပိတ် သပိတ် မှောက်မှောက် )))))
((((( သပိတ် သပိတ် မှောက်မှောက် )))))

၈၈ မြန်မာ့အရေး သပိတ်ကြီးခေတ်တွင် မစုလဲ

ခလေးသာသာ ကျောင်းသူအရွယ်ဆိုတော့ ဦးဆောင်

ကျောင်းသား အစ်ကိုကြီးတွေ ရှေ.ကနေ အော်ပေးတာကို

နောက်ကနေ မစုတို. ကျောင်းသူ ၊ ကျောင်းသားအုပ်စုတွေမှ

လိုက်အော်ခဲ့ဖူးတယ်လေ ။

အဲဒီနေ.ကတော့ မစုအတွက် တသက်သာ မမေ့နိုင်မဲ့နေ.

ဖြစ်မှန်း တကယ်မသိခဲ့ပါရှင် ။

နောက်နေ. ဆန္ဒပြပွဲကို မသွားနဲ. စစ်တပ်အား အထက်မှ အတိအကျ

အမိန်.ပေးလိုက်တယ် ။ ပစ်မယ်တဲ့ .....

ပြန်ကြားရေးမှာ လုပ်နေတဲ့ တစ်ဝမ်းကွဲ အစ်ကို မောင်ဦး

ပြောတဲ့ စကားအား အရေးမလုပ်ဘဲ မစုတို. သွားခဲ့တယ် ။

အဲဒီလို ဆန္ဒပြနေစဉ်မှာ ......

ဒိုင်း...ဒိုင်း....ဒိုင်း

မစုဘေးနားက နေခြည် အင့်ကနဲ. ခွေလဲကျသွားသလို မစုအား

ဘေးနားက ကျောင်းသာ အစ်ကိုကြီးတစ်ယောက်က တွန်းလှဲ

ပေးသလို ... ညီမလေး ၀ပ်နေ ၀ပ်နေ မလှူပ်နဲ.ဆိုပြီး သတိပေး

လေသည် ။

လူဆိုတာ အသက်ဘေးနဲ. ကြုံလာတဲ့အခါမှာ လွန်စွာကြောက်တတ်

မှန်း ကိုယ်တွေ.ကြုံဖူးတဲ့ မစုသည် အသားတဆတ်ဆတ် တုန်နေသလို

ကြောက်လွန်းတော့ သေးပါထွက်လေတော့သည် ။

ခဏနေအခြေအနေမှာ သေနတ်ပစ်သံရပ်သွားတော့ ဆူညံ့သံများ

ပွတ်လောညံ့သံများကြောင့် မစုလဲ ခေါင်းလေးထောင်ကြည့်လိုက်တော့

လူတွေ လှူပ်လှူပ်ရှားရှား သွားလာနေတော့ မစုလဲ ထရပ်ရဲတော့သည် ။

ဘေးနားမှာ မိနစ်ပိုင်းလေးအတွင်းမှာ အသေဆိုးနဲ. မရှူ့မလှ အသက်

ထွက်သွားတဲ့ သူငယ်ချင်း နေခြည်အား သတိရပြီး ပွေ.ဖက်ကာ

လက်သီးကို ကျစ်ကျစ်ပါနေအောင် ဆုပ်လိုက်ပြီး ပါးစပ်မှလဲ ကတုန်ကရင်

ဖြင့် အော်ဟစ်လိုက်လေတော့သည် ။

((((( စစ်ခွေးတွေ နင်တို.ကို ကမ္ဘာကြေသော်လည်း

ဥဒါန်းမကျေ ဘူးဟေ့... )))))


သြော်.... အထက်က အမိန်.အရတဲ့ ။

အပ်တိုလေး တစ်ချောင်းတောင် မပါတဲ့ ကျောင်းသူ ၊ ကျောင်းသားများအား

တကယ့်ရှေ.တန်းတိုက်ပွဲမှာ မဟုတ်ဘဲ မြို.လည်ကောင်ကြီးမှာ တဖက်သတ်

လက်နက်အားကိုးနဲ. ရက်ရက်ပစ်သတ်ဖို. အမိန်.ပေးခဲ့တဲ့ စစ်ခွေးချူပ်နဲ. ပစ်

သတ်ခဲ့တဲ့ စစ်သားစစ်ခွေးများအား တသက်မကြေပါ ။

၁၉၉၀ ရွေးကောက်ပွဲပြီးတော့ သေနတ်အားကိုးနဲ. မိုက်ရိုင်းယုတ်မာစွာ

မဆင်းဘူးကွာ ယီးဖြစ်လားဆိုတဲ့ ပုံစံနဲ. အသက် ၈၀ ကျော်တိုင်အောင်

အာဏာရှင်စနစ်နဲ. အုပ်ချူပ်သွားတဲ့ ခွေးကြီးတစ်ဖွဲ.လုံးကိုလဲ အခုထက်ထိ

နာကြည်းနေဆဲပါရှင်....

ကတုန်ကရင်နဲ. လတ်လတ်ဆတ်ဆတ် မသာကောင်ကြီးဖြစ်သွားတဲ့

သူငယ်ချင်း နေခြည်အား ပွေ.ဖက်ထားရင်း

((((( နေခြည် )))))

(((((((((( နေခြည် ))))))))))

((((((((((((((( နေခြည် )))))))))))))))



2 comments:

Anonymous said...

စာတွေ အကုန်ဖတ်သွားတယ်၊ စာရေးတတ်တယ်၊ အမြဲရေးပါ၊ တိတ်တိတ်လေး အားပေးနေမယ်။

ဘဘ

David Ma Su said...

ဟုတ်ကဲ့ပါရှင် ....ဘဘဆိုတဲ့ လူတစ်ယောက် အခုလို အားပေးတာ မစု ၀မ်းသာပါတယ် ။