Saturday, May 21, 2016

နေပြည်တော်ရှိ သူခိုးကြီးများ အကြောင်း အပိုင်း ( ၂ ) ........





  • ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး  

  • ( Vice-Senior General Maung Aye )


  •  
  • တချိန်တုန်းက နိုင်ငံတော် အေးချမ်းသားယာရေးနှင့် ဖွံ.ဖြိုးတိုးတက်ရေး
  •  
  • စစ်ကောင်စီရဲ့ ထိပ်တန်းအဆင့်အမြင့်ဆုံး ခေါင်းဆောင်ထဲမှာ ပါဝင်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး
  •  
  • မောင်အေးဟာ ၁၉၅၅ ခုနှစ်က  ပထမဆုံးဖွင့်လှစ်တဲ့ ကာကွယ်ရေးစစ်တက္ကသိုလ်
  •  
  • (Defence Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး
  •  
  • တပ်မှာ နောက်ဆုံးလက်ကျန် DSA အပတ်စဉ် (၁) ကျောင်းဆင်းလို့ ဆိုနိုင်ပါတယ်။
  •  
  • လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖြုတ်ခံလိုက်ရတဲ့ ကုန်သွယ်ရေး ဝန်ကြီးဟောင်း
  •  
  • ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊
  •  
  • စစ်ဥပဒချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ မြောက်ကိုရီးယား ဗုံးဖောက်ခွဲမှုကြောင့် ပြုတ်သွားခဲ့တဲ့
  •  
  • ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကို၊ နိုင်ငံတော် ကောင်စီရုံး
  •  
  • ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း
  •  
  • ဗိုလ်မှူးကြီး အောင်မြင့်ဘော်တို့နဲ့ တပတ်စဉ်ထဲပါ။ စစ်တက္ကသိုလ် ကျောင်းသားဘ၀မှာရော
  •  
  • တပ်ထဲမှာပါ ထူးချွန်သူ  တယောက်တော့ မဟုတ်ဘူးလို့ ရင်းနှီးသူတွေက ဆိုကြတယ် ။


    တပ်ထဲမှာ အရာရှိငယ်ဘ၀နဲ့ တာဝန်ထမ်းဆောင်ခဲ့အပြီး ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ
  •  
  • ဗိုလ်မှူးဘ၀နဲ့ စစ်တက္ကသိုလ်မှာ ပြန်ပြီး နည်းပြဖြစ်လာတယ်။ ဒါပေမယ့် အစ်ကိုဖြစ်သူ
  •  
  • အမြောက်တပ်ရင်းမှူးဟောင်း ဒု ဗိုလ်မှူးကြီး ကျော်ဇော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ
  •  
  • ရာထူးကြီးကြီး ရခဲ့ပြီးတဲ့နောက် ဗိုလ်မှူး မောင်အေးလည်း အရှင်မွေး နေ့ချင်းကြီး ဖြစ်လာခဲ့တယ်။
  •  
  • ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အပိုင်းမှာ ညွန်ကြားရေးမှူးအဖြစ်
  •  
  • ပြောင်းလဲတာဝန်ယူခဲ့ရပြီး နောက်မှာတော့ ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မမှူး တာဝန်ယူရတယ်။
  •  
  •  
  • တပ်မမှူးဘ၀မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေထဲမှာရှိတဲ့ ဗကပ၊ ရှမ်းနဲ့ ပအိုးဝ်
  •  
  • တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းရေးတာဝန် ယူခဲ့တဲ့အတွက် ၁၉၈၅ ခုနှစ်မှာ
  •  
  • ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် 

  • တိုင်းမှူးဖြစ်လာခဲ့တယ်။
  •  
  • တိုင်းမှူးဖြစ်ပြီး မကြာပါဘူး၊ ၁၉၈၈ ခုနှစ် မဆလ တပါတီ အာဏာရှင်အုပ်ချုပ်ရေး ပြိုပျက်ပြီး
  •  
  • စစ်တပ်အာဏာသိမ်းချိန်မှာတော့ ၁၉ ဦးပါ စစ်ကောင်စီမှာ နေရာရလာခဲ့တယ်။
  •  
  • စစ်သွေးစစ်မာန်အပြည့်နဲ့ အဖျက်သမားဆို ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့၊ ငါတို့ကသာ
  •  
  • တိုင်းပြည်ချစ်တာ၊ ကယ်တင်ခဲ့တာဆိုပြီး လက်နက်အားကိုး ခပ်ကြမ်းကြမ်း လုပ်တတ်တဲ့
  •  
  • စစ်ဝါဒီတွေ ထုံးစံအတိုင်း   ဗိုလ်မှူးချုပ် မောင်အေး တယောက် အရှေ့ပိုင်း ရှမ်းပြည်နယ်တခွင်မှာ
  •  
  • စစ်ဘုရင်ဖြစ်လာတော့တာပေါ့။ အရင်ကတော့ အထက်ဆရာ့ဆရာ ဗိုလ်ချုပ်ဟောင်းကြီးတွေကြောင့်
  •  
  • ငြိမ်နေခဲ့ရတဲ့ ဗိုလ်မှူးချုပ် မောင်အေး တယောက် မရဲတရဲနဲ့ ကျွဲပြဲ စီးနေ ရတဲ့ဘ၀ကနေ
  •  
  • င့ါခြေငါ့လက် လုပ်ရဲကိုင်ရဲ ဖြစ်လာခဲ့တယ်။

  • ၁၉၉၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်အဆင့်ကို တိုးမြှင့်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်ကြီး စောမောင်
  •  
  • လက်ထဲကနေ ဗိုလ်သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲယူလိုက်ချိန်မှာတော့
  •  
  • စစ်ဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် စိန်အောင်၊ ဗိုလ်ချုပ်
  •  
  • မြင့်အောင်တို့လို စစ်သားကြမ်းကြီးတွေကို ဖြတ်တက်ပြီး  ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိခဲ့တယ်။
  •  
  • စစ်တက္ကသိုလ် ပထမဆုံးအသုတ် ကျောင်းဆင်းဆိုပြီး သွေးနားထင်ရောက်နေတဲ့ ဗိုလ်ချုပ်
  •  
  • မောင်အေးတယောက် ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရခဲ့ပြီး အာဏာအသေအချာ
  •  
  • ဆုပ်ကိုင်နိုင်ချိန်မှာတော့ “ငါတို့သာ စစ်တက္ကသိုလ်ကျောင်းဆင်း” ဆိုတဲ့ ဘိန်းစားချင်း
  •  
  • အတူတူ တမူးပိုရှုချင်တဲ့ စိတ်ဓာတ်တွေကို တပ်ထဲကို ရိုက်သွင်းလာပါတော့တယ်။
  •  
  •  
  • “DSA မဟုတ်တဲ့ကောင်တွေ ရာထူးတိုးမပေးနဲ့၊ သင်တန်းမတက်စေနဲ့၊ အမှုဖြစ်လာရင်
  •  
  • ငယ်တဲ့အမှုကို ကြီးစေ၊ ကြီးတဲ့အမှုကို ပိုကြီးအောင် ငါ့ဆီကိုတင်ပြ” ဆိုတဲ့ သူ့ရဲ့
  •  
  • သွေးခွဲစကားကြောင့် တပ်ထဲက အရာရှိတွေအကြား သွေးကွဲပြီး လုပ်ဖော်ကိုင်ဖက်
  •  
  • အချင်းချင်း လည်ပင်းလှီးကြ၊ DSA ကျောင်းဆင်းတွေက အလုပ်သင်တွေကို ပြဿနာရှာ၊
  •  
  • သတိပေးဆုံးမလောက်နဲ့ ပြီးရမယ့်ကိစ္စလည်း အထက်လူကြီးဆီ တင်ပြ၊ လည်ပင်း
  •  
  • ကြိုးကွင်းစွပ်ဖို့ ကြိုးစား စတဲ့ ဇာတ်တူသားစား ဟင်္သာကိုးသောင်းပျက်မယ့် ဇာတ်တွေ
  •  
  • တပ်ထဲမှာ ဒုနဲဒေးပေါ်ပေါက်လာပါတယ်။

  • တကယ်တော့ တပ်ဆိုတာ စစ်တက္ကသိုလ် ကျောင်းဆင်းတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။
  •  
  • အခြားအခြားသော အရာရှိတွေနဲ့ပါ ဖွဲ့စည်းထားတာပါ၊ ဘယ်စစ်သင်တန်းကျောင်း၊
  •  
  • ဘယ်စစ်တက္ကသိုလ်ကပဲဆင်းဆင်း အရာရှိခြင်း အတူတူ၊ ထမ်းဆောင်ရတဲ့ ၀တ္တရားချင်းလည်း
  •  
  • အတူတူ၊ နှာခေါင်းနှစ်ပေါက်နဲ့ အသက်ရှုတာခြင်း အတူတူ၊ တိုက်ပွဲမှာ အသက်ပေးရတာခြင်းလဲ
  •  
  • အတူတူပါပဲ။
  •  
  •  
  • ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ DSA ပေါ်လစီ ကောင်းမှုကြောင့် ရာထူးမတက်တော့တဲ့
  •  
  • အလုပ်သင်ကျောင်းဆင်း၊ OTS ကျောင်း ဆင်းတွေခမျာ ရာထူးလည်းမတက်၊ ထွက်ခွင့်လည်းမပေး၊
  •  
  • စိတ်ဓာတ်ညဉ်းဆဲ ခံရတာတွေကြောင့်  စိတ်ညစ်ပြီး ပြင်ပလောကမှာ ဆိုက်ကားပဲ
  •  
  • နင်းရနင်းရဆိုပြီး အရူးလက်မှတ်ရော ဘာသော နားမလည်ဘူး၊ ဆေးလက်မှတ်မျိုးစုံနဲ့
  •  
  • တပ်ကထွက်ပြီး စီးပွားရေး လုပ်နေသူ၊ တက္ကစီ ဆွဲနေသူ စတဲ့ အရာရှိကြီးငယ်တွေ မနည်းပါဘူး။
  •  
  •  
  • အခုလည်း တပ်ထဲက နောက်ဆုံးလက်ကျန် အလုပ်သင်ဗိုလ်သင်တန်းဆင်း ဗိုလ်မှူးကြီးတွေ၊
  •  
  • ဗျူဟာမှူးကြီးတွေကို အဝေးသင် စာပေးစာယူနဲ့ ဘွဲ့ရတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့
  •  
  • မကြာသေးမီရက်ပိုင်းက ဖွင့်ခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDC) ကို
  •  
  • တက်ရောက်ခွင့် မပေးဘူးလို့ သိရပါတယ်။ တကယ်တော့ အဝေးသင်တက္ကသိုလ်
  •  
  • ဆိုတာလည်း နိုင်ငံတော်က တရားဝင် ဖွင့်ထားခဲ့တာပါ။


  • အရက်ကို နေ့ညမပြတ် အမြဲတမ်းသောက်တတ်တဲ့ ဒုချုပ် မောင်အေးဟာ
  •  
  • ဘလူးလေဘယ်လ် တပုလင်းလောက်ဝင်မှ နေသာထိုင်သာရှိသတဲ့။ မူးလာရင်လည်း 
  •  
  • အောက်လက်ငယ်သားတွေကို မေးခွန်းတွေ ထပ်ခါတလဲလဲမေးပြီး အရမ်းရစ်တတ်လို့
  •  
  • ဒုချုပ်နဲ့တော့ မတွေ့ချင်ဘူး၊ ကျားမြီးသာ ဆွဲလိုက်ချင်တယ် ဆိုတဲ့သူတွေလည်း တပ်ထဲနဲ့
  •  
  • လက်ရှိ စစ်အစိုးရထဲမှာ ဒုနဲဒေးပါ။
  •  
  • အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့မှာတောင် ဆိုင်ကယ်တွေ စီးလို့ရပေမယ့်
  •  
  • ရန်ကုန်မြို့ကြီးမှာတော့ စစ်အာဏာရှင် ဘိုးအေကြီး ဦးနေ၀င်းရဲ့ မြေးတွေက
  •  
  • မော်တော်ဆိုင်ကယ်တွေ အုပ်စုလိုက်နဲ့ လူကြီးခရီးစဉ် ကားတန်းတွေကို နှောက်ယှက်တဲ့အတွက်
  •  
  • ဒုချုပ် မောင်အေးက ရန်ကုန်မှာ ဆိုင်ကယ်မစီးရဆိုတဲ့ အမိန်ထုတ်ခဲ့တယ်။
  •  
  • တကယ်တော့ စစ်အာဏာရှင်ဟောင်းနဲ့ အသစ်ကြားက အားပြိုင်မှုမှာ ပြည်သူတွေပဲ
  •  
  • ဒုက္ခရောက်ကြတယ်၊ သွားရေးလာရေး ခက်ခဲကြရတယ်လို့ ဆိုရမှာပေါ့။
  •  
  • ဒုချုပ် မောင်အေးဟာ စစ်ဝါဒီပီပီ ဘယ်လောက်တောင် ရိုင်းစိုင်းသလဲဆိုတော့ ကရင်အမျိုးသား
  •  
  • အစည်းအရုံး (KNU) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး
  •  
  • စောသမူဟဲ လက်နက်ချ အခမ်းအနားမှာ မူးမူးနဲ့ ကရင်အလံတော်ကို စစ်ဘိနပ်နဲ့ တက်နင်းခဲ့သလို
  •  
  • ကချင်ပြည်နယ် မြစ်ကြီးနားက ကချင်ရိုးရာ မနောတိုင်ကိုလည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးပစ်ဖို့
  •  
  • အမိန့်ပေးခဲ့တယ်လို့ သိရတယ်။

  • လက်ရုံးအားကိုးနဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ရက်စက် အနိုင်ကျင့်တတ်တဲ့ ဒုချုပ်
  •  
  • မောင်အေးတယောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ရင်တော့ ရေမြွေလိုပဲ နာမည်နဲ့လိုက်အောင်
  •  
  • အေးဆေး ငြိမ်နေတတ်တယ်လို့ အတွင်းသိတွေက ဆိုကြတယ်၊၊
  •  
  • ဒီအချက်ကိုသိနေတဲ့ ဗိုလ်ချုပ်မှူးကြီးကလည်း သူနာမည်ပျက်ရမယ့်ကိစ္စ၊ လူမုန်းများမယ့် ကိစ္စတွေဆို
  •  
  • ကိုယ်တိုင်မလုပ်ဘဲ ဒုချုပ် မောင်အေးကိုပဲ ခိုင်းတယ်။ ဗိုလ်ချုပ်ခင်ညွှန်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို
  •  
  • တီးတုန်းကလည်း ဒုချုပ် မောင်အေးပဲ လက်ရဲဇက်ရဲနဲ့  ထောက်လှမ်းရေးတဖွဲ့လုံးကို ဖမ်း၊ ထောင်ထဲထည့်၊
  •  
  • အရေခွံ ဆုတ်ခဲ့လို့ ထောက်လှမ်းရေးတွေလည်း ကော့နေအောင် ခံလိုက်ရသေးတယ်။
  •  
  • အမိုက်ခံရမယ့် ကိစ္စတွေမှာသာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို ခိုင်းတာပါ၊
  •  
  • အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဒုချုပ် မောင်အေးကို လူစာရင်းတောင် မသွင်းပါဘူး။
  •  
  • ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုပ်ခဲ့တဲ့ စစ်တပ်ရာထူး အပြောင်းအရွှေ့မှာ တပ်ချုပ်ကြီး သန်းရွှေက
  •  
  • ဒုချုပ်မောင်အေးကို ဒု ကာကွယ်ရေး ဦးစီးချုပ်တယောက် အနေနဲ့ ခေါ်ယူ အသိပေးခဲ့ပေမယ့်
  •  
  • ပြောတဲ့လူစာရင်းကတမျိုး၊ ထုတ်ပြန်လိုက်တဲ့ စာရင်းက တမျိုးဖြစ်နေလို့ ဒုချုပ် မောင်အေး တယောက်
  •  
  • မျောက်မီးခဲ ကိုင်မိသလို ရှုးရှုးရှားရှားနဲ့ အရက် ကိုးမောင်းသောက်ပြီး  ဒေါသအလိပ်လိုက်
  •  
  • ထွက်သွားတယ်လို့ အတွင်းသိတွေကဆိုတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို
  •  
  • အဆိပ်မရှိတဲ့ ရေမြွေလို့ သဘောထားတယ်ဆိုတာကို ပြလိုက်တာပဲ။

  • ရာထူးအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ မိုက်ရူးရဲ ဒုချုပ် မောင်အေး တယောက် ဉာဏ်သမား
  •  
  • ဗိုလ်ချုပ်မှူးကြီးရဲ့ နှပ်ပစ်တာ ခံလိုက်ရပြီးတဲ့နောက်ပိုင်း သင်ခန်းစာတော့ ကောင်းကောင်း
  •  
  • ရလိုက်ပုံရတယ်။
  •  
  • ရာဇ၀င်မှာ သဘောထားချင်း မတိုက်ဆိုင်တဲ့သူ၊ ထိပ်တိုက်ရင်ဆိုင်မယ့် သူဆိုရင် ဆရာအရင်း
  •  
  • ဗိုလ်နေ၀င်းတို့၊ ပုခုံးထမ်းတင်ပေးခဲ့တဲ့ ဗိုလ်ခင်ညွှန့်ကိုတောင် ချမ်းသာမပေးတဲ့
  •  
  • ဗိုလ်ချုပ်မှူးကြီးတယောက် တပ်တော်ပါ ဗိုလ်ထု အင်အားကြောင့်သာ မချိသွားဖြဲလုပ်၊
  •  
  • နောက်တလှမ်းဆုတ်ပြီး ဗိုလ်မောင်အေးကို အလျှော့ပေးလိုက်ရပေမယ့် ကျေတော့
  •  
  • ဘယ်ကျေနပ်ပါမလဲ။ ဒါပေမယ့်လည်း ဒင်းက ဉာဏ်သမားဆိုတော့ ဘာမှ မဖြစ်သလို
  •  
  • ဟီးဟီးဟဲဟဲပဲ နေပစ်လိုက်တာပေါ့။ ဒုချုပ် မောင်အေးလည်း သူတောင် ဘာမှမဖြစ်သေးရင်
  •  
  • ငါလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ဂိုက်ဖမ်းပြီး ဇနီးမယား၊ သမီးနဲ့ သားမက်၊ တပည့်ကျော်
  •  
  • အောင်ကိုဝင်းတို့ စုံတွဲကိုပါခေါ်ပြီး ခရီးတော် ထွက်ပြလိုက်ရသေးတယ်။
  •  
  •  
  •  
  • စစ်တပ်ဆိုတာက ထောင်လိုပဲလေ၊ တယောက်အရည်အသွေး တယောက် အကဲခတ် ဆုံးဖြတ်ရင်
  •  
  • ဘယ်လောက်မိုက်ခဲ့သလဲ၊ လူဘယ်လောက် သတ်ခဲ့သလဲဆိုတဲ့ မိုက်ဂုဏ်နဲ့သာ
  •  
  • တိုင်းတာကြတာမဟုတ်လား။ ဗိုလ်ချုပ်မှူးကြီးက ဆင်ကြံသာ ကြံတတ်တာ တိုက်ပွဲမှာ
  •  
  • သတ္တိပြဖူးတယ်ဆိုတဲ့ သမိုင်းမရှိတော့ တချို့တိုင်းမှူး၊ တပ်မမှူးတွေက အထင်မကြီးဘူးပေါ့။
  •  
  • ဒုချုပ် မောင်အေးကတော့ အရက်သာ သောက်တတ်တာ၊ ဒါပေမယ့်  မိုက်ဂုဏ်ရှိတယ်ဆိုပြီး
  •  
  • ဒုချုပ် မောင်အေးဘက်က မားမားရပ်ကြတယ်လို့လည်း တချို့က ဆိုကြတယ်။
  •  
  •  
  • စီးပွားရေးနဲ့ ပတ်သက်ရင်တော့ ဒုချုပ် မောင်အေး မိသားစုက ဗိုလ်ချုပ်မှူးကြီး မိသားစုထက်
  •  
  • လည်ပုံရတယ်။ သမီး နန္ဒာအေးကလည်း နာမည်မထွက်အောင် နေတတ်သလို တပည့်ကျော်
  •  
  • အောင်ကိုဝင်းကလည်း လိမ္မာတော့ ဆရာ အာပတ်လွတ်တာပေါ့။ သားသမီးတွေကို
  •  
  • စီးပွားရေးလုပ်ခိုင်းတဲ့ နိုင်ငံတော်ခိုးသား သူရ ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ထက်
  •  
  • ဒုချုပ် မောင်အေးက ပိုလည်တယ်လို့ ဆိုရမှာပေါ့။
  •  
  • တိုင်းမှူးဘ၀မှာ ဘယ်သူမှ မတို့မထိရသေးတဲ့ မိုင်းရှူးဆိုတဲ့ ပတ္တမြား၊ နီလာ ထွက်ရာ ရတနာမြေကို
  •  
  • မထင်မှတ်ဘဲ ဖင်ခုထိုင်လိုက်ရတော့ “တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်”
  •  
  • ဆိုသလိုပဲပေါ့။ ကျောက်တွင်း တာဝန်ခံကိုလည်း လူရင်းလည်းဖြစ် စိတ်လည်းချရတဲ့ တောင်ကြီး
  •  
  • ရှမ်းရိုးမကုန်တိုက် အ၀ယ်တော်၊ ကျောင်းဆရာလူထွက် အောင်ကိုဝင်းကို ခန့်လိုက်တယ်။
  •  
  • အဲဒီမှာ ဇတ်လမ်းက စပါတော့တယ်။ အောင်ကိုဝင်း (ခ) ဆရာကျောင်း လည်း ချမ်းသာလာသလို
  •  
  • ဒုချုပ် မောင်အေးလည်း ကျွဲကူးရေပါ ချမ်းသာလာတယ်လို့ နီးစပ်သူတွေက ဆိုတယ်။


  • ၁၉၉၂ ခုနှစ်မှာ ဗိုလ်သန်းရွှေက ဗိုလ်ချုပ်ကြီး စောမောင်ကို ဖြုတ်ချပြီး ကာကွယ်ရေးဦးစီးချုပ်
  •  
  • ဖြစ်လာချိန်မှာတော့ ဒုချုပ် မောင်အေးက ဒု ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပါတော့တယ်။
  •  
  • အဲဒီနောက်ပိုင်းတော့ ထွင်ထားတဲ့ ဒု ဗိုလ်ချုပ်မှူးကြီး ရာထူးကို ရရှိခဲ့ပြီး အာဏာ ပိုရလာခဲ့တယ်။
  •  
  • Trade Council လို့ခေါ်တဲ့ ကုန်သွယ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လိုက်ရတော့
  •  
  • စီးပွားရေးသမားတွေ အပေါ်မှာလည်း ပိုအာဏာရှိလာတယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာတော့
  •  
  • တခြားဗိုလ်ချုပ်တွေလိုပဲ မွေးထားတဲ့ တပည့်တွေအပေါ်မှာ ပြန်ကြည့်လာတယ်။
  •  
  • နာမည်ကသာ မောင်အေး ဆိုပေမယ့် လူကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ လျင်ပြီးသားပါ။
  •  
  • စုဆောင်းပြီးသား ပိုင်ဆိုင်မှုတွေကို တိုးပွားလာအောင် တပည့်ကျော် အောင်ကိုဝင်းကို
  •  
  • ကမ္ဘောဇဘဏ်ကို ဖွင့်စေပြီး  ငွေမည်းကို ငွေဖြူလုပ်စေခဲ့တယ်။
  •  
  • ခွင်ချပြီး စီးပွားရေးလုပ်တဲ့ နေရာမှာတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာလုပ်တတ်သလို
  •  
  • တခြား ဗိုလ်ချုပ်တွေလို နာမည်ပျက် မရှိအောင်လည်း လုပ်နိုင်ခဲ့တယ်။ MAI လို့ လူသိများတဲ့
  •  
  • နိုင်ငံပိုင်လေကြောင်းလိုင်းကို တဘက်လှည့်နဲ့ အောင်ကိုဝင်းကို ၀ယ်စေခဲ့တယ်။
  •  
  • ဒုချုပ် မောင်အေးနဲ့ တပည့်ကျော် အောင်ကိုဝင်းတို့ ဆရာတပည့်နှစ်ယောက် ဆက်ဆံရေးက
  •  
  • ဘယ်လောက်အထိ ရင်းနှီးမှု ဖြစ်လာသလဲဆိုတော့ ဗိုလ်မောင်အေးရဲ့ မွေးစားသမီး နန္ဒာအေးနဲ့ 
  •  
  • အောင်ကိုဝင်းရဲ့တူ၊ သားကြီး ခေါ် ဇော်ဝင်းနိုင်နဲ့ ပေးစားဖို့အထိ ကတိ က၀တ်ထားခဲ့ကြတယ်။
  •  
  • ဒါပေမယ့် ဇော်ဝင်းနိုင်က ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်ရဲ့သမီးကို သုတ်ပြေးပြီး အောင်ကိုဝင်း မျက်နှာကို
  •  
  • အိုးမည်းသုတ်လိုက်တဲ့ အခါမှာတော့ ဒုချုပ် မောင်အေးနဲ့ အောင်ကိုဝင်းတို့ ဆက်ဆံရေး
  •  
  • ခပ်တန်းတန်း ဖြစ်သွားကြပေမယ့် နန္ဒာအေး စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းရဲ့သား
  •  
  • ဗိုလ်မှူး ပြည်အောင်နဲ့ ယူပြီး နောက်ပိုင်းမှာ အရင်လို အ၀င်အထွက်လုပ် ပြန်ဆက်ဆံခဲ့တာလို့
  •  
  • အတွင်းသိတွေက ဆိုတယ်။

  • ဒါ့အပြင် သမီးဖြစ်တဲ့ နန္ဒာအေးကလည်း အဖေဖြစ်တဲ့ ဒုချုပ် မောင်အေး အရှိန်နဲ့ ယူနိုက်တက်
  •  
  • အမရာဆိုတဲ့ နာမည်နဲ့ ဘဏ်ထောင်ခွင့်တို့၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ သယ်ခွင့်တို့၊ ဟိုတယ်လုပ်ငန်းတွေကို
  •  
  • ယောက်ျားရဲ့ အစ်ကိုဖြစ်တဲ့ IGE ကုမ္ပဏီပိုင်ရှင် ကိုနေအောင် လုပ်ခွင့်ရအောင် လုပ်ပေးခဲ့တယ်။
  •  
  • ဒီလိုမျိုး မတောင့်မတ မကြောင့်မကြ ဖြစ်လာချိန်မှတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တယောက်
  •  
  • နေပြည်တော် ရွှေတိဂုံ ပုံတူစေတီကြီးကို လှမ်းမြင်ရတဲ့ နေရာမှာ ဧက ၁၀၀၀ လောက် ကျယ်တဲ့
  •  
  • ခြံကြီးတည်ပြီး အ၀ါရည်လေးနဲ့ နှပ်ဖို့ကြံနေပါပြီ။ ခြံထဲမှာတော့ နိုင်ငံခြားက အိမ်ပုံစံထုတ်သူတွေဆီမှာ
  •  
  • ကိုနေအောင်ကို အပ်ခိုင်းပြီးတော့ အိပ်ခန်းအပါအ၀င် အခန်း ၁၀ ခန်းလောက်ပါတဲ့ အိမ်ကြီးကို
  •  
  • ဦးတေဇရဲ့ ထူးကုမ္ပဏီကို တာဝန်ယူ တည်ဆောက်စေခဲ့ပါတယ်။ လိုတရလို့ ဆိုနိုင်လောက်တဲ့
  •  
  • ငါးမွေးကန်တွေ၊ နွားခြံတွေ၊ စပါးခင်းတွေ၊ သီးနှံမျိုးစုံ စိုက်ခင်းတွေပါတဲ့ ခြံကြီးထဲမှာ ဒီဘဝ
  •  
  • ဘယ်တော့မှ နံပါတ် ၁ မဖြစ်ရတော့မယ့် အတူတူ ပေးတာယူ ကျွေးတာစားပြီး နာမည်နဲ့လိုက်အောင်
  •  
  • အေးအေးလူလူနဲ့ အရိုးထုတ်တော့မှာတော့ သေချာသလောက် ဖြစ်နေပါပြီ။


No comments: