Wednesday, June 29, 2016

စစ်ခွေးများအား တိုက်တဲ့စိတ်နဲ. သေသည့်တိုင်အောင်.......အတွဲ ( ၄ )


မစု ဒုတိယနှစ် အဝေးသင်တက္ကသိုလ်တက်နေစဉ် အားလပ်တဲ့အချိန်ပိုင်းလေးမှာ
မစုရဲ. အဒေါ်ဖြစ်သူဆီမှာ အချိန်ပိုင်း လုပ်အားပေး ( part time ) အလုပ်သွား
လုပ်ခဲ့ဖူးပါတယ် ။ အဒေါ်ဖြစ်သူ ဒေါ်သီရီခိုင်ကလဲ မစုအား တူမအရင်းဆိုတော့
သူများတွေလို လခသဘောမျိုးမဟုတ်ဘဲ တလတခါကျ မုန်.ဖိုးဆိုပြီး ပိုက်ဆံအချို.
ပေးသလို အဒေါ်အိမ့်မှာပဲ မနက်စာ ၊ နေ.လည်စာ ၊ ညစာ စရိတ်ငြိမ်းစားသောက်
ခွင့်ရခဲ့ပါတယ်လေ ။
တနေ.မှာတော့ မစု ကောင်ကလေး ဘဲချောချော ချာတိတ်တစ်ယောက်အား
သတိပြုမိလေသည် ။ အဲဒီကောင်လေးကလဲ ရုပ်ရုင်မင်းသား နိုင်းနိုင်းလို
ဖြူဖြူချောချော အရပ်မောင်းကောင်းကောင်း ကိုယ်ခန္ဓာအချိုးအစားကျတဲ့
လွန်စွာကြည့်ကောင်းတဲ့ ချာတိတ်လေးပါပဲ ။
ချာတိတ်အား မစု ထူးထူးခြားခြားလေး သွားသတိပြုမိတာကတော့ နေ.လည်
၂ နာရီနဲ. ၄ နာရီကြား လူရှင်းချိန်မှာ ရောက်လာတတ်ပြီး ဘာမီတွန် ၁၀လုံး ၊
ပါရာစီတမော ၁၀ လုံး ဆိုပြီး နေ.တိုင်း လာဝယ်တတ်လို.ပဲ ။အဲဒီချာတိတ် နေ.စဉ်
မစုတို. ဆေးဆိုင်ကို ရောက်လာတိုင်း ပုံမုန် အဲဒီဆေးနှစ်မျိုးဘဲ လာလာဝယ်
တတ်ပါတယ်လေ ။
စကားပုံမှာ ယောင်္ကျားကြိုက်တော့ ဆိုက်ဆိုက်လာ ၊ မိန်းမ ကြိုက်တော့ မျှော်
လိုက်တာ ဆိုသလို ရက်သတ္တပတ် နှစ်ပတ်လောက် နေ.တိုင်းလိုလို ဆေး
နှစ်မျိုး လာဝယ်တတ်တဲ့ကောင်လေးအား မစုလေး မသိမသာ တိတ်တခိုးလေ
လည်တဆန်.ဆန်.နဲ. မျှော်နေမိပြီးလေ ။
အဲဒီနေ. ချာတိတ် ရောက်မလာပါဘူးလေ ။ နောက်နေ. မစု နာရီလေး ကြည့်လိုက်
လမ်းဘေးဝဲယာတွေကို ချောင်းကြည့်နေတတ်ပါပြီး ။ ချာတိတ် နှစ်ရက်လောက်
ပျောက်သွားပြီး သုံးရက်မြောက်နေ.မှာ ပေါ်လာပါတယ်လေ ။ ချာတိတ် ဆေးဆိုင်
သို. ၀င်လာလာချင်း မစုမှ ဘာမီတွန် ၁၀ လုံး ၊ ပါရာစီတမော ၁၀ လုံး မဟုတ်လား
ဆိုပြီး ကြိုတင်မေးလိုက်တော့ ချာတိတ်လေးမှ မျက်နှာပြင်တခုလုံးနီမြန်းသွားပြီး
အာ .. ဟုတ်....ဟုတ်ကဲ့ပါ အစ်မ ဟဲဟဲ အဲဒီ နှစ်မျိုး ပေးပါဆိုပြီး ခေါင်းလေးကုတ်ကာ
ပြန်ဖြေလေသည် ။ မစုလဲ ဘေးနားက သူဇာအား တမင်ရှောင်ထွက်သွားစေရန်
သူဇာရေ .... မစုအတွက် ကော်ဖီတစ်ခွက် သွားဖော်ျပေးပါ ။အိပ်ချင်လာလို.ဆိုပြီး
ခိုင်းလိုက်တော့ သူဇာလဲ အိမ်ထဲသို. ၀င်သွားလေသည် ။ အဲဒီနောက် လူလဲရှင်းချိန်
နှစ်ယောက်သားလဲ ဖြစ်ချိန် မစုမှ မိန်းကလေးပီပီ စပ်စုစွာနဲ. .... ရှင် နေ.တိုင်း
ဆေးလာဝယ်နေတာ ဘယ်သူသောက်တာလဲ ရှင် ကိုယ်တိုင်သောက်တာလား
ဆိုပြီး မေးလိုက်တော့ ချာတိတ်လေးမှ ကျတော်သောက်တာ မဟုတ်ပါဘူး အစ်မ
ဆိုပြီး ပြန်ဖြေလေသည် ။ထိုအခါ မစုမှ ဒါဆိုရင် ဘယ်သူသောက်တာလဲ ဆိုပြီး
အတွန်.တက်ပြီး မေးလိုက်တော့ ဘယ်သူမှ မသောက်ပါဘူးဆိုပြီး ပြောင်စပ်စပ်
မျက်နှာပေးနဲ. ပြန်ဖြေတော့ မစုလဲ စိတ်တိုလာပြီး အာ့ဆိုရင် ဘာဖြစ်လို. ဆေးနေ.တိုင်း
လာဝယ်နေရတာလဲဆိုပြီး မေးလိုက်တော့ ချာတိတ်မှ မစုကို တွေ.ချင်လို.
ဆိုပြီး ပြောလိုက်တော့ မစုလဲ ရှက်စိတ်ကြောင့် ခေါင်းလေးကို ငုံ.ထားလိုက်ပြီး
ဘာမှမဆိုင်ဘူးဆိုပြီး တိုးတိုးလေး ပြောခဲ့ပါသည် ။
ချာတိတ်မှ မစုရေ ညနေ မစု အလုပ်ဆင်းတဲ့အချိန် ကျတော် လာစောင့်နေလို.
ရမလား တစ်ခုခု သွားစားရအောင် ၊ မစုကို ပြောစရာရှိတယ်ဆိုပြီး ထုံးစံ
အတိုင်း လူပျိုစကားပြောလာတော့ မစုလဲ နဂိုကတည်းက မဆွတ်ခင်ကတည်းက
ညွန်.ချင်နေတာနဲ. နောက်နေ. မစု အလုပ်ဆင်းတဲ့အချိန်မှာ ချာတိတ်ကားလေးနဲ.
အေးအေးဆေးဆေး စကားပြောလို.ကောင်းတဲ့ ကော်ဖီဆိုင်တစ်ခုမှာ မစုတို.
စကားပြောဖြစ်ကြပါတယ် ။

မစုကို ကျွန်တော် စကားနည်းနည်းလောက်ပြောချင်လို.
ခွင့်ပြပါနော်ဆိုပြီး အစချီလာတော့ မစုမှ ...
အင်း... ရှင် လူပျိုစကားပြောတော့မှာ မဟုတ်ဘူးလားဆိုပြီး
ကိုယ့်အတွေးနဲ. ကိုယ် ရှက်ပြုံးလေးပြုံးလေးပြီး ရင်ခုန်စွာနဲ.
ရှေ.က ကော်ဖီခွက်ထဲက ဇွန်းလေးအား မွှေနေမိပြီး
ဟုတ်... ပြောလေ မစု နားထောင်နေပါတယ် ။
ဟိုဟာဗျာ ..... အင်း... ပြောရမှာ အားနာလိုက်တာဗျာ
မစု စိတ်ဆိုးသွားမှာလဲ ကြောက်တယ်ဆိုပြီး စကားအား
တစ်ဝက်တစ်ပျက် ရပ်လိုက်တော့ ကောင်းခန်းရောက်နေတုန်း
မီးပျက်သွားလို မစုလဲ စိတ်မရှည်တော့တာကြောင့် ကဲ....
နိုင်ဆွေဦးရေ မစုစိတ်မဆိုးဘူး ပြောမှသာပြောစမ်းပါဆိုပြီး
မေးလိုက်တော့ ဒီလို မစုရေ ကျွန်.. ကျွန်တော် ကောင်မလေး
မနေ.တုန်းက ဆီးစစ်လိုက်တာ အတန်းလေးပေါ်နေပြီး
ဟိုလေ မစုတို. မိန်းမကိစ္စ ဟိုဟာလဲ မလာဘူးတဲ့ ။
နိုင်ဆွေဦး စကားအဆုံးတွင် မစုမှာ ရှင်...ဆိုတဲ့ အမေဍိတ်
အံ့သြသံတစ်ခုထဲသာ ပြန်ထွက်နိုင်ပြီး မစု ထင်တာတခြား
သူ ပြောလာတာတခြားဆိုတော့ ခေါင်းမှာလဲ ခြာလည်လည်
ဖြစ်သွားလေတော့သည် ။

နောင်တွင် ထိုကောင်လေး နိုင်ဆွေဦးမှ မစုအား
သူ.မှာ မိန်းကလေး သူငယ်ချင်းများများ စားစားမရှိကြောင်းနဲ.
ဒီလိုကိစ္စဆိုတာကလဲ တော်ရုံ မခင်မင်ဘဲ တွေ.ရရာလူများအား
အကူအညီတောင်းလို. မသင့်ကြောင်း ၊ နောက်ပြီး မစုကို
ယုံကြည်ပြီး မစုလို လက်ရှိဆေးအကြောင်း သိပ်နားလည်တဲ့
သူအား အကူအညီတောင်းရခြင်းဖြစ်ကြောင်း ၊ မိန်းကလေး
အချင်းချင်း တချို.အကြောင်းအရာများအား ကျွန်တော့်ကိုယ်စား
ပွင့်ပွင့်လင်းလင်းမေးမြန်းပြီး လုပ်ပေးနိုင်ကြောင်း ရှင်းပြ
လေတော့သည် ။
နောက်နေ.တွင် ထိုကောင်လေးမှာ သူ.ကောင်မလေးဆိုသူ
ကောင်မလေးညိုချောတစ်ယောက်နဲ. အတူတူပါလာပြီး
မစုတို. သုံးယောက်သား သူတို.နှစ်ယောက်စလုံး သဘောတူ
ချက်နဲ. ကလေးဖျက်ချရန်အတွက် မစု အသိ တာမွေရှိ
သူနာပြုဆရာမကြီး(ငြိမ်း) တရားမ၀င် ဖွင့်ထားတဲ့ ဆေးခန်း
ငယ်လေးတစ်ခုမှာ ၅လကျော်နေပြီးဖြစ်တဲ့ ကိုယ်ဝန်အား
သွားရောက်ဖျက်ချလေသည် ။
ထိုကိစ္စပြီးတော့ မစုမှ ကောင်လေးအား သိလိုသော
မေးခွန်းအား မေးရလေတော့သည် ။နိုင်ဦးဆွေရေ....
နင် ယောင်္ကျား မဟုတ်ဘူးလား ဘာဖြစ်လို. ကိုယ်
လုပ်ထားတဲ့ ဇာတ်ကို နိုင်အောင် မကဘဲ သူများ
သမီးပျိုကို ဗိုက်ကြီးလာတော့ ကလေးဖျက်ချပြီး
အပျော်ကြံတာလားဆိုတော့ ထိုကောင်လေးမှ
အင်း....ဆိုပြီး သက်ပြင်လေး အရှည်ကြီးချလိုက်ပြီး
မစုရေ ဒီကိစ္စတွေ ပြီးမြှောက် အောင်မြင်ပြီးဆိုတော့လဲ
မစု မေးတာကို အမှန်အတိုင်း ကျွန်တော် ဖြေပါ့မယ် ။
တကယ်တော့ မစုနဲ. စတွေ.တုန်းက တစ်ယောက်ကို
တစ်ယောက်အပြန်အလှန် မိတ်တွေဆက်တုန်းက မစု
မှတ်မိမှာပေါ့လေ ။ တကယ်တော့ မစုနဲ. ကျွန်တော် အခုအချိန်ထိ
အားလုံး လိမ်ထားတာတွေကြီးပဲ ။
မစုမှ ဘာတွေလဲ သေသေချာချာလေး ရှင်းပြပါရှင် ....
နိုင်ဦးဆွေမှ ကျွန်တော့် နာမည်အရင်းမှာ သန်းထွန်းဦးဖြစ်ပါတယ် ။
တစ်နေ.က ကိုယ်ဝန်ဖျက်ချဖို. ခေါ်လာတဲ့ ကောင်မလေးမှာလဲ
ကျွန်တော့်ချစ်သူ မဟုတ်ပါ ။ ကျွန်တော် ရိုးရိုးတက္ကသိုလ်တက်နေတဲ့
ကျောင်းသားတစ်ယောက်လဲ မဟုတ်ဘူး ။ တကယ်တော့
ကျွန်တော် စစ်တက္ကသိုလ်ကျောင်းဆင်းပြီးတဲ့ ဒုဗိုလ်အရာရှိ
တစ်ယောက်ပါ ။ရော.....ဒီမှာ ကြည့်ဆိုပြီး ကောင်လေး
အင်္ကျီအိပ်ကပ်ထဲက မြန်မာ့တပ်မတော်ဝန်ထမ်းကဒ်ပြားအား
ထုတ်ပြလေတော့သည် ။ ပြီးတော့မှ ဟိုတစ်နေ.တုန်းက
ကလေးဖျက်ချလိုက်တဲ့ ကောင်မလေးမှာ တကယ်တော့
ကျွန်တော်တို. တပ်ထဲက ဒုဗိုလ်မှူးကြီးရဲ. အငယ်အနှောင်း
ကာလာအိုကေဆိုင်က ကောင်မလေး ချစ်ချစ် ဖြစ်ပါတယ်
ဆိုပြီး ရှင်းပြလေတော့သည် ။

မစုကို ကျွန်တော်လဲ တာဝန်အရ တချို.အရာတွေ လိမ်လည်ပြီး

မစုကို ရင်းနှီးမှူ.ယူုပြီး လုပ်ရတာကို စိတ်မဆိုးနဲ.နော် ။

ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာဆိုပြီး တောင်းပန်လေတော့သည် ။

အထက်အမိန်. ...မစုရေ ကျွန်တော်လဲ ကူညီပေးရတာပါ ။

နောက်ပြီး ကျွန်တော်ရဲ. အထက်အရာရှိဖြစ်နေသလို ကျွန်တော်ကိုလဲ

သင်တန်းတုန်းက ကူညီပေးဖူးထားတဲ့ ကျွန်တော်အပေါ်မှာ ကျေးဇူး

ရှိဖူးတဲ့ ဆရာတစ်ယောက်ဆိုတော့ ကျွန်တော်လဲ ကူညီပေး

ရတာပါ ။ နောက်ဆုံး ဘယ်လောက်အထိ ကျွန်တော် စဉ်းစားထားသလဲ

ဆိုရင် ကိုယ်ဝန်ဖျက်ချလို.မရရင် ကျွန်တော် ယူဖို.အထိတောင် စဉ်းစား

ထားတယ် ။ ယူပြီး ကလေးမွေးလာတဲ့အထိ နေပေးပြီး ကလေးမွေး

လာပြီး အဆင်ပြေပြေ ချောချောမောမော ဖြစ်တဲ့အချိန်ကျမှ

ကွာရှင်းဖို.အထိ အယုံကြည်ရဆုံး သူငယ်ချင်းတွေနဲ.

စဥ်းစားဖူးတယ် တိုင်ပင်ဖူးတယ် ။
သိတဲ့အတိုင်း ဒီကိစ္စကို လူတွေ သိလိုမဖြစ်သလို အရမ်း
အရေးကြီးတော့ မစု ဒီိကိစ္စတွေကို မေ့ပစ်လိုက်ပြီး ဒီမှာပဲ
ရပ်လိုက်ဖို. ကျွန်တော်တောင်းပန်ပါတယ်နော် ဆိုပြီး
သနားခံပြောကြားလာလေသည် ။ မစု စိတ်မဆိုးပါဘူးလေ ခွင့်လွှတ်ပါတယ် ။
မစုလဲ ကြားထဲကနေ အမိန်.အရ မဖြစ်မနေလုပ်ပေးလိုက်ရတဲ့
သန်းထွန်းဦးအား ကိုယ်ချင်းစာသလို ဟိုခွေးကြီး ယီးသရမ်းပြီး
လျှောက်လုပ်ခဲ့တာကို ဒေါသထွက်မိလေသည် ။
အဲဒီနေ.ကစပြီး မစု ရင်ခုန်ခဲ့ရတဲ့ ကောင်လေးချောချောလေးမှာ
ပျောက်ချင်းမလှ ပျောက်သွားပါတယ် ။ မစုဆိုင်ကိုလဲ လုံးဝမလာတော့ပါ ။
မစုကတော့.... အင်းလေ သူ.ကိစ္စ ပြီးသွားလို. သူဖြစ်ချင်တာ
တွေ မစုကို အသုံးချဖို. ပြီးသွားလို. မလာတော့တာ ဘာဖြစ်လို.
ငါက သူ.ကို မျှော်နေရမလဲဆိုပြီး မစုလဲ မေ့ထားလိုက်လေတော့သည် ။
တစ်နေ.တွင် မစုတို. ဆေးဆိုင်ရှေ.သို. မာစတာဂျစ် စစ်ကားတစ်စီး လာရပ်
လေတော့သည် ။ ကားပေါ်တွင် စစ်ယူနီဖောင်းဝတ် ယာဉ်မောင်းနဲ.
အနောက်ခန်းတွေ အမျိုးသမီးကြီးတစ်ယောက်ပါလာတာကို မြင်
ရပါသည် ။ကားပေါ်မှ ယာဉ်မောင်းစစ်သားကြီး ကားပေါ်မှဆင်းလာပြီး
မစုတို.ဆိုင်ကို လျှောက်လာပြီး သူငယ်မလေး ဒီဆိုင်မှ မစုဆိုတာရှိ
ပါသလားဆိုတော့ မစုကလဲ ဟုတ်ကဲ့ပါရှင် ကျွန်မ မစုပါ ဘာကိစ္စလဲ
ဆိုပြီး ပြန်ပြောလိုက်တော့ ခုနက ယာဉ်မောင်းမှ ကားပေါ်မှအမျိုးသမီး
ကြီးအား သွားခေါ်လေသည် ။
ထိုအမျိုးသမီးကြီးမှ ....သမီးလေးက မစုနော်ဆိုပြီး မေးမြန်းပြီး
သူကိုယ်သူ မိတ်ဆက်လေသည် ။ အန်တီက ဒေါ်မာလာသန်းပါ ။
သမီး အန်တီ့သား သန်းထွန်းဦးကို မှတ်မိပါတယ်နော်ဆိုပြီးပြော
တော့ မစုမှ ဟုတ်.... မစု သူငယ်ချင်းပါ ဘာကိစ္စရှိလို.လဲ အန်တီ
ဆိုတော့ ထိုအန်တီမာလာမှ မျက်ရည်များ တသွင်သွင်ကျဆင်းလာပြီး
ရှိုက်ကြီးတငင် ဟန်မဆောင်နိုင်ဘဲ ငိုလေတော့သည် ။
သမီး မစုရဲ. သူငယ်ချင်း အန်တီ့အချစ်ဆုံး တစ်ဦးတည်းသော သားလေး
သန်းထွန်းဦး ရှေ.တန်းမှာ သူပုန်တွေရဲ. လက်ချက်နဲ. ဆုံးသွားပါပြီတဲ့ ။
((((( ရှင် ))))) ...ဆိုပြီး မစုလဲ အံ့သြလွန်းတော့ အသံကျယ်ကျယ်နဲ.
ဖြစ်သွားလေသည် ။ သား ရှေ.တန်း ကနေ အန်တီ့ဆီကို
ပေးသွားတဲ့ စာလေးပါ ။ သားလေးက သူရှေ.တန်းက ပြန်လာရင်
သားကို မိန်းမလိုက်တောင်းပေးတဲ့ အန်တီကို ပူဆာထားပြီး သမီးမစုကို ရင်ထဲက
အမှန်တကယ်ချစ်ကြောင်း ကူညီတတ်တဲ့စိတ် ၊ ပြတ်သားတဲ့စိတ် ၊
မာနမရှိ ပွင့်လင်းပြီး မိန်းကလေးပီသကာ ခေတ်ပညာတတ်
စိတ်ထားကောင်းတဲ့ မိန်းကလေးဖြစ်ကြောင်း သမီး မစု
အကြောင်းအား အမြဲတမ်း ပြောပြောနေတတ်ကြောင်း
အခုလဲ ဒီစာလေးကို သမီးမစုအတွက်ဆိုပြီး ရှေ.တန်းကနေ
ရေးပေးလိုက်တဲ့စာလေးပါ ။ ဒီစာရေးပြီး အန်တီဆီပို.ပေး
လိုက်ပြီး နောက်နေ. တိုက်ပွဲမှာ ကျသွားခဲ့ပါတယ်လေဆိုပြီး
ရှည်လျားစွာရှင်းပြလေတော့သည် ။ပြီးနောက် မစုလဲ အိမ်
ထဲသို. ဖိတ်ခေါ်ကာ တခြား အကြောင်းအရာများ ပြောဆိုကြပြီး
ဒေါ်မာလာသန်းလဲ ပြန်သွားလေတော့သည် ။
အန်တီမာလာ ပြန်သွားတော့မှ မစုလဲ ရင်ထဲက တိတ်တခိုး
ချစ်ရသော စစ်ဗိုလ်ဖြစ်သူ ကောင်လေးရေးထားတဲ့စာလေးအား
အလျှင်အမြန် ဖောက်ဖတ်ရပါတော့တယ် ။

သို. / .......
မစု
မစု အရမ်းလွမ်းတယ်ဗျာ..... ။ ကျွန်တော်အခု ရှေ.တန်း တောတွင်းတစ်နေရာမှာပါ။
ရှေ.တန်းမှာ အရမ်းပင်ပန်းပေမဲ့ မစုရဲ. ဓါတ်ပုံလေးကို ထုတ် ထုတ်ကြည့်ပြီး
ပင်ပန်းတာတွေ ဖျောက်နေရတာပေါ့ ။ ဒီတခါ ရှေ.တန်းကနေ ပြန်လာရင် မစုဆီမှာ
အဖြေတောင်းရပါတော့မယ် ။ မစု ကို ကျွန်တော် ချစ်တယ်ဗျာ ။မစု ကျွန်တော်ပြန်
ရောက်လာရင် အဖြေပြန်ပေးရမယ်နော် ။ စဉ်းစားပါရစေရှင် ဆိုပြီးတော့ မလုပ်နဲ.
အုံးနော် ။ စဉ်းစားချင်ရင် အခုကတည်းက စဉ်းစားပေါ့ ။
မစု အရမ်း အရမ်းလွမ်းတယ် ။
မှ /
အဝေးတစ်နေရာမှ လွမ်းနေတဲ့ မစုကိုချစ်တဲ့
သန်းထွန်းဦး

စာအားဖတ်ပြီးတော့ မစုလဲ မျက်ရည်များ တသွင်သွင် ကျဆင်းလာပြီး
သွားပေအုံးတော့ အိမ်မက်ချစ်သူရယ်ဆိုပြီး အံကို ကြိတ်ပြီး
ကောင်လေးရဲ. ယောင်္ကျားပီသ ခန်.ညားလှတဲ့ ပုံရိပ်များအား ပြန်လည်
သတိရကာ နေမိပါတော့လေသည် ။

No comments: